ဆောင်းသီးနှံစိုက်ပျိုးထားရှိမှုနှင့် သဘာဝမြေသြဇာသုံးစွဲရေး ကွင်းဆင်းဆောင်ရွက်

မိုးနဲ ၂၂ ဇန်နဝါရီ        

  
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြိုနယ် နမ့်မော်ဆွမ့်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက ဆောင်းသီးနှံလယ်သီးထပ်စိုက်ပျိုးထားရှိမှုနှင့် သဘာဝမြေသြဇာသုံးစွဲရေး၊ မြေယာစနစ်တကျပြုပြင် စိုက်ပျိုးထားရှိမှုများကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ 


အဆိုပါ ကျေးရွာရှိ တောင်သူများစိုက်ပျိုးထားသော အာလူး၊ သခွား၊ ကြက်သွန်ဖြူ နှင့် စတော်ဘယ်ရီပင်များ အောင်မြင်ဖြစ်ထွန်းနေမှုများကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေ အသုံးချရေးတာဝန်ခံ ဦးအောင်ဇော်မိုး၊ ခရိုင်ဦးစီးမှူး ဦးစမြင့်သိန်း၊ မြို့နယ်ဦးစီးမှူး ဦးငိုဘွယ်နှင့် ဝန်ထမ်းများက  ကြည့်ရှုခဲ့ကြပြီး သီးနှံစိုက်ခင်းများတွင် မြေသြဇာစနစ်တကျ သုံးစွဲရေးပညာပေး ပြောကြားကာ  အီးအမ်ပျော်ရည်အပြင်း ငါးဂါလန်ကိုရောစပ်အသုံးပြုရန် ပေးအပ်ခဲ့ကြောင်း သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)