နေပြည်တော် ၁၉ ဧပြီ

 

မြန်မာနိုင်ငံသို့ အလွတ်သဘောခရီး ရောက်ရှိနေသော ဆေးရှဲလ်နိုင်ငံ ဒုတိယ သမ္မတ H.E. Mr. Vincent Meriton နှင့် ဇနီး Mrs. Daniella Hoareau ဦးဆောင်သည့် ကိုစားလှယ်အဖွဲ့သည် ယနေ့ည ၇ နာရီခွဲတွင် နေပြည်တော်မှ ဘန်ကောက်လေကြောင်းလိုင်းဖြင့် ထွက်ခွာသည်။

 

‌ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

(သတင်းစဉ်)

 

mdn