မန္တလေး စက်တင်ဘာ ၃၀
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်-မန္တလေး အလုပ်သင်ဆရာဝန် (သစ်လွင်) ကြိုဆိုပွဲနှင့် Orientation Course For House Officers ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀X ၇၃ လမ်းရှိ ဆေးတက္ကသိုလ်-မန္တလေး မန်းရတနာပုံ (ဇီဝက)ခန်းမ၌ ကျင်းပသည်။
ဦးစွာ ဆေးတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မျိုးသက်တင်နှင့် ဒုတိယ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ စည်သူတို့က အမှာစကားပြောကြားကြပြီး မန္တလေးပြည်သူ့ ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ပါမောက္ခ/ ဌာနမှူးများကိုယ်စား ဆေးတက္ကသိုလ်-မန္တလေး ဆေးပညာဌာန ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာ အေးအေးချစ်က အလုပ်သင်ဆရာဝန် (သစ်လွင်)များအား သိသင့်သိထိုက်သည်များကို မှာကြားသည်။
ထို့နောက် နောက်ဆုံးနှစ် အမ်ဘီဘီအက်စ်အပိုင်း (ခ) (၅/၂၀၂၄)သင်တန်းတွင် ဂုဏ်ထူးရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့် ပေးအပ်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)


