ဆီဆိုင် ၁၈ ဧပြီ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ နောင်လုံ (မြောက်) ကျေးရွာတွင် ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မိုးသက်လေပြင်း ကျရောက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းဆောင်နှင့် လူနေအိမ် အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးသက်လေးပြင်း တိုက်ခတ်မှုကြောင့် နောက်လုံ (မြောက်) ကျေးရွာတွင် ဘုန်းကြီးကျောင်း စာသင်ကျောင်းဆောင်၊ လူနေအိမ် (၄၄) လုံးနှင့် တိလိုင်ကျေးရွာတွင် လူနေအိမ် (၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ ဘန်းယဉ်တပ်နယ်မှ ဗိုလ်မှူးမင်းသိန်း ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုများ၊ အိမ်ထောင်စုများအား တစ်အိမ်တက်ဆင်း ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့သည်။
ယင်းနောက် ပျက်စီးဆုံးရှုံးသည့် အိမ်ထောင်စုများအား အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေးနှင့် ကျေးရွာဒေသခံ မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


