၂ ဒီဇင်ဘာ

 

ဆီးရီးယားနိုင်ငံမှာ ဂျီဟတ် လွမ်းမိုးထားတဲ့ အစ်လစ်ဘ်ဒေသမှ ပြီးခဲ့တဲ့ စနေနေ့ကစပြီး  အစိုးရတပ်နဲ့ လက်နက်ကိုင်အုပ်စုတွေကြား အပြင်းအထန် တိုက်ခိုက်နေရာ ဒီကနေ့မှာ သေဆုံးသူ ၉၆ ဦး နီးပါး နှစ်ရက်အတွင်း သေဆုံးကြောင်း စစ်ရေးလေ့လာသူတွေက ပြောပါတယ်။ 

 

အစိုးရရဲ့ တပ်သား ၅၁ ဦး သေဆုံးချိန်မှာ ဂျီဟတ် ၃၁ ဦးအပါအဝင် အတိုက်အခံ လက်နက်ကိုင်အုပ်စုမှ ၄၅ ဦး ၄၈ နာရီအတွင်း သေဆုံးကြောင်း စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဆီးရီးယားအစိုရဟာ ပုံမှန်ဆိုရင် သေဆုံးသူစာရင်း ထုတ်ပြန်လေ့မရှိတာကို တွေ့ရပါတယ်။

 

အစ်လစ်ဒေသ ဟာ ဆီးရီးယားဒေသအတွင်းက ရှစ်နှစ်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွင်းမှာ ရွှေ့ပြောင်းနေသူတွေအပါအဝင် လူပေါင်း  သုံးသန်းလောက်ရဲ့ အိမ်ဖြစ်ပါတယ်။ အဲဒီဒေသဟာ အယ်လ်ကိုင်ဒါတွေနဲ့ ဆက်နွယ်မှုရှိတဲ့ အုပ်စုတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိခဲ့ပါတယ်။

 

ဆီးရီးယားနိုင်ငံတွင်းက ၂၀၁၁ က စတင်ခဲ့တဲ့ စစ်ပွဲအတွင်းမှာ လူပေါင်း ၃၇၀ဝ၀ဝ သေဆုံးပြီး သန်းချီတဲ့လူတွေ ရွေ့ပြောင်းနေထိုင်ရပါတယ်။

 

MDN

ကိုးကား - AFP