၂၃ မတ်
ဆီးရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ပထမဦးဆုံး တစ်ယောက်ကို တွေ့ရှိကြောင်း ဆီးရီးယားအစိုးရက မနေ့ညနေပိုင်းက ကြေညာလိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ပထမဉီးဆုံးတစ်ယောက်ကို တွေ့ရှိကြောင်း၊ အဲဒီသူဟာ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးဖြစ်ပြီး နိုင်ငံခြားကနေ ရောက်လာတဲ့သူဖြစ်ကြောင်း နဲ့ လိုအပ်တဲ့ ကုသမှုတွေ လုပ်ကိုင်နေကြောင်း ပြောပါတယ်။
ဆီးရီးယားအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ကတည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ ပြခန်းတွေပါ ပိတ်ရန် အမိန်ပေးခဲ့ပြီး စုပေါင်းဘုရားရှိခိုးခြင်းကိုပါ ပိတ်ပင်ခဲ့ပါတယ်။
ဒါ့အပြင် အစိုးရဌာနတွေမှာ အလုပ်တွေ ရပ်နားထားသလို ဝန်ထမ်းဉီးရေ လျော့ချပြီး အလုပ်လုပ်စေခဲ့ပါတယ်။ ပြည်နယ်ချင်းဆက်သွယ်ထားတဲ့ ပို့ဆောင်ဆက်သွယ်ရေးတွေကို မနက်ဖြန်မှ စပြီး ရပ်ဆိုင်းသွားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
နောက်လမှာ ကျင်းပဖို့ရှိတဲ့ လွှတ်တော်ရွေးကောက်ပွဲကို ကြေညာချက် မထုတ်ပြန်မခြင်း ရွှေ့ဆိုင်းထားကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။
နိုင်ငံတွင်းက ကိုးနှစ်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်းမှာ လူပေါင်း ၃၈၀,၀၀၀ ဦး ကျော်သေဆုံးခဲ့ပြီး အခြေခံအဆောက်တွေ ပျက်စီးခဲ့ပါတယ်၊ အထူးသဖြင့် အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ဒေသတွေမှာ ကိုရိုနာဗိုင်းရပ် COVID-19 ဗိုင်းရပ်စ် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ကြောက်ရွံ့နေတာဖြစ်ပါတယ်။
MDN
ကိုးကား - AFP


