၁၈ ဖေဖော်ဝါရီ

 

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အတိုက်အခံတို့၏ အမာခံနယ်မြေကို ဆက်လက်တိုက်ခိုက်သွားမည် ဟု ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်အာဆတ်က ကတိပြုပြောကြားခဲ့သည်။

 

အလက်ပို နှင့် အီဒလစ်ပြည်နယ်တို့ လွတ်မြောက်ရန် တိုက်ပွဲများဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယမန်နေ့က ရုပ်မြင်သံကြား မိန့်ခွန်းတွင် အာဆတ် ပြောကြားခဲ့သည်။

 

အီဒလစ်ပြည်နယ်သည် အတိုက်အခံတို့၏ နောက်ဆုံး အမာခံနယ်မြေ ဖြစ်သည်။ ရုရှားကျောထောက်နောက်ခံပေးထားသော ဆီးရီးယားတပ်ဖွဲ့များသည် အီဒလစ်နှင့်အလက်ပိုပြည်နယ်တို့တွင် ပြင်းထန်စွာ ထိုးစစ်ဆင်နွှဲခဲ့ကြသည်။

 

5

 

အီဒလစ်နှင့်အနီးနားဒေသများရှိ အတိုက်အခံတို့ကို ကျောထောက်နောက်ခံထားသော တူရကီ တပ်များ နှင့် ဆီးရီးယားတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

 

တိုက်ပွဲများ ပြင်းထန်ကာ ဒေသတွင်း အခြေအနေများ ပိုမိုဆိုးရွားလာသဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ လူ ၉၀၀၀၀၀ မှာ ထွက်ပြေးခဲ့ရသည်ဟု  ကုလသမဂ္ဂက ဆိုသည်။၎င်းတို့အနက် အများစုမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်သည်ဟု ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို