ဆိပ်ဖြူမြို့နယ် ကိုးတောင့် အထက်ကျောင်းတွင် မီးဘေးအန္တရာယ်ကွယ်ရေး အသိပေးဟောပြောခြင်းနှင့်လက်တွေ့ မီးငြိမ်းသတ်နည်းများ သရုပ်ပြ

ဆိပ်ဖြူ  ၂၂ ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာ အထက်တန်းကျောင်း၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့ နံနက် ၉ နာရီတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့ မီးငြိမ်းသတ်နည်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူအများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်၊ မီးဘေးအန္တရာယ်ကြောင့်  အသက်နှင့် စည်းဇိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ စခန်းမှူး ဦးစိန်ထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဆရာ/ဆရာမများနှင့် ကျောင်သား/ကျောင်းသူများကို  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးဟောပြောခြင်း၊  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဇာတ်လမ်းတိုများ ပြသအသိပညေားခြင်းများနှင့် လက်တွေ့မီးငြိမ်းသတ်နည်းများကို လက်တွေ့ပြသဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကိုးတောင့်အထက်တန်းကျောင်းတွင် မီးသတ်စခန်းမှူးနှင့်အဖွဲ့သည် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေး ပစ္စည်းများ စီမံဆောင်ရွက်ထားရှိမှု အခြေအများကို စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)