ဆိပ်ဖြူ ၂၁ ဧပြီ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် လက်ရှိအချိန်တွင် ဒေသအပူချိန် မြင့်မားလျှက်ရှိသောကြောင့် အပူဒဏ်အန္တရာယ် အသိပညာပေးများကို ဒေသခံပြည်သူအများအား ရပ်ကွက်ကျေးရွာအုပ်စုများ၌ နှိုးဆော်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ် အပူပိုင်းရပ်ဝန်းဒေသတွင်တည်ရှိပြီး နွေရာသီကာလများတွင် နှစ်စဉ်အပူချိန်မြင့်မားလျှက်ရှိပြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (ချောက်မြို့နယ်)၏ ဒေသအပူချိန်တိုင်းထွာ ချက်များအရ ဧပြီလ ၂၀ရက်တွင် ၄၅ ဒီဂရီနှင့် ၄၆ ဒီဂရီအကြား ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူအများနှင့် ခရီသွားပြည်သူအများ အပူဒဏ်အန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေး အချက်လက်များနှင့် လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ ရှေးဦးပြုစုခြင်းဆိုင်ရာများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာအုပ်စုများတွင် နေ့စဉ်အသိပညာပေးများ နှိုးဆော် ဆောင်ရွက်လျှက်ရှိသည်။
ထို့အပြင် ဆိပ်ဖြူမြို့ပေါ်၌ အနော်ရထားတံတားထိပ်နှင့် ပတ္တမြားဈေးအနီးတို့ ခရီသွားပြည်သူအများ ၊ဒေသခံပြည်သူ အများသိရှိလိုက်နာဆောင်ရွက်နိုင်ရန် LED ဘုတ်များဖြင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိကြောင်းသိရှိရသည်။
စိုးလင်းနိုင်(IPRD)


