ဆိပ်ဖြူမြို့နယ်တွင် ဝါးစိုက်ပျိုးရေးနှင့် ဝါးအချောထည်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင်ရာ သင်တန်းဖွင့်

ဆိပ်ဖြူ  ၁၄  ဇန်နဝါရီ

 

ဝါးစိုက်ပျိုးရေးနှင့် ဝါးအချောထည်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင်ရာ သင်တန်းကို ယနေ့ နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ရှစ်မျက်နှာ ဓမ္မရိပ်သာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းကို ဒေသခံပြည်သူအများ ဝါးစိုက်ပျိုးခြင်း စိတ်ပါဝင်စား၍ ဝါးနှင့်ပတ်သက်သည့် ပစ္စည်းများ၊ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။

 

သင်တန်းဖွင့်ပွဲကို  ပခုက္ကူခရိုင် သစ်တောဦးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်အတွင်ရှိ ဝါးစိုက်ပျိုးထုတ်လုပ်မှု စိတ်ဝင်စားသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ သင်တန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ခရိုင် သစ်တောဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

စိုးလင်းနိုင်(ပြန်/ဆက်)