ကျောင်းကုန်း စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက ဆက်သွယ်ရေးဥပဒေဆိုင်ရာအမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်များနှင့် ပြစ်မှု/ပြစ်ဒဏ်များကို ဟောပြောပြီး၊ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုဗဟိုဌာန(LMLECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ကို ပြသသည်။

 

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ ရဲမှူးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)