ဆင်ပေါင်ဝဲ ၂၁ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လယ်ကျိုးကျေးရွာ အနောက်မြောက်ဘက်တွင် ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်ခန့်က လူနေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လယ်ကျိုးကျေးရွာ အနောက်မြောက်ဘက် ဦးရဲကြည်သည် နေအိမ်မှ တောထဲသွားရောက်နေစဉ် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့်အပူလွန်ကဲ၍ အလျား( ၁၀ ) ပေ ၊ အနံ ( ၁၀ ) ပေ၊ (၃) ပင် လူနေအိမ် ထရံကာ၊ သက္ကယ်မိုး၊ ဝါးကြမ်းခင်းအဆောက်အဦ (၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းဌေးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေယာဉ် (၂) စီး နှင့် ရေယာဉ် (၁) စီးဖြင့် သွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။
ခန့်ဝင်း ( ပြန် / ဆက်)


