ကန်ကြီးထောင့် ၁၄ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ အမှတ် (၁)ရပ်ကွက်၊ ရွှေဘိုသန္တိသုခကျောင်းတိုက် ဆည်းဆာအလှဓမ္မရိပ်သာ၌ ဧပြီ ၁၃ ရက်မှ ၁၉ ရက်အထိ သင်္ကြန်တွင်း ခုနစ်ရက် တရားစခန်း ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ရွှေဘိုသန္တိသုခကျောင်းတိုက် တရားရိပ်သာမှာ သင်္ကြန်ရုံးပိတ်ရက် လာရောက်တရားအားထုတ်သူများတွင် ရန်ကုန်မြို့မှ အများဆုံးဖြစ်ပြီး စခန်းဝင်သူ ရဟန်း၊ သီလရှင်၊ ယောဂီအမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၁၀ ဦးရှိကြောင်း ဆရာတော် ဦးဉာဏဓဇမှ မိန့်ကြားသည်။
အဆိုပါ ခုနစ်ရက် တရားစခန်းတွင် အာနာပါနမှဝိပဿနာသို့ မဟာသတိပဋ္ဌာန် ကျင့်စဉ်များကို ဆရာတော် ဦးဉာဏဓဇနှင့် ဆရာမဒေါ်စိန်ပုံ(တရားနည်းပြ)တို့မှ ဟောပြသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နန်းထိုက် (KGD)


