ဆရာထိုက်မောင် (မန္တလေး) ၏ မိန်းမများနဲ့ရနံ့ စာအုပ် ရေးသူ-ဖတ်သူ ဆွေးနွေးပွဲ ကျင်းပ

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် ဆရာထိုက်မောင်၏ မိန်းမများနဲ့ရနံ့ စာအုပ်ကို ရေးသူ-ဖတ်သူ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီက မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

 

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဆရာအနီမောင်က ရေးသူဖတ်သူ ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက်၍ ဆရာတော် တက္ကသိုလ် တေဇာလင်း၊ ဆရာစိုးနိုင် (မန္တလေးတက္ကသိုလ်)၊ ဆရာမောင်ကြည်သာ (တောင်တွင်း)၊ ဆရာမင်းတင်ထွဏ်း နှင့် ဆရာမ ခင်ခင်ဝင်း (ပညာရေး) တို့က စာအုပ်နှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် မန္တလေးခရိုင်အတွင်းရှိ စာရေးဆရာများက စာအုပ်နှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုသည်ဟု သိရှိရသည်။ ထို့နောက် စာအုပ်ရေးသားသူ ဆရာထိုက်မောင်အား ခရိုင်ဦးစီးအရာရှိနှင့် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌတို့က ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း (ပညာရေး)