မိုးမောက် ၁၉ ဧပြီ
ကချင်ပြည်နယ်၊ မိုးမောက်မြို့ မန္တလေးဘုန်းတော်ကြီးကျောင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နိဗ္ဗာန်ဈေးပွဲတော်ကို ဆဋ္ဌမအကြိမ်မြောက် စည်ကားသိုက်မြိုက်စွာ မိုးမောက်မြို့နယ်အတွင်းရှိ မြို့ပေါ်/ကျေးလက်ပြည်သူများဖြင့် ဧပြီလ(၁၈)ရက် မြန်မာ သက္ကရာဇ် ၁၃၈၁ နှစ်ဆန်း နှစ်ရက်နေ့ညနေ(၃) နာရီအချိန်တွင် နိဗ္ဗာန်ဈေးပွဲတော်ကို မန္တလေး ကျောင်းထိုင်ဆရာတော်ကြီး ဦးသိက္ခစာရက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်တွင် မန္တလေးကျောင်း အသင်းသူ/အသင်းသားများနှင့် စေတနာရှင် ပြည်သူတို့မှပူးပေါင်း၍ ကျင်းပသော နိဗ္ဗာန်ဈေးပွဲတော်ကို မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာ(၉)ရွာမှ ပြည်သူများစုစုပေါင်း(၃၀ဝ၀)ခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြောင်း သိရှိရသည်။
လွန်းနန်းထွေး


