စက်တင်ဘာ ၅
ဆူဒန်နိုင်ငံတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် သေဆုံးသူ ၁၁၂ ဦး ရှိလာကြောင်း နိုင်ငံ၏အရပ်ဘက်ကာကွယ်ရေးအမျိုးသားကောင်စီက ယမန်နေ့ကပြောကြားသည်။
အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ၁၁၂ ဦး သေဆုံးခဲ့ပြီး အခြား ၁၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းမိုးသည်းထန်စွာရွာသွန်းမှုအတွင်း နေအိမ် ၃၄၉၄၄ လုံး နှင့် ဈေးဆိုင် ၁၀၈ ဆိုင် ပျက်စီးခဲ့သည်ဟု သိရသည်။
ဩဂုတ်လ ၂၁ ရက်နေ့က ဆူဒန်ဝန်ကြီးများက ရေကြီးရေလျှံမှုဒဏ်ခံရသော ပြည်နယ်ခြောက်ခုတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ဇွန်လမှစတင်ကာ ရွာသွန်းခဲ့သောမိုးကြောင်း ဆူဒန်နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၁၃၆၀၀၀ ခန့် ရေဘေးသင့်ခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ ပြောကြားချက်အရ သိရသည်။
ဆူဒန်နိုင်ငံတွင် ဇွန်လမှအောက်တိုဘာလအထိ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


