ချောက် ၂၁ မတ်
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ယနေ့မနက် ၈ နာရီအချိန်က မြို့မရဲစခန်း လမ်းဆုံရှေ့လမ်းမပေါ်တွင် ဖမ်းဆီးရရှိသော ဆိုင်ကယ်ဆူညံအိတ်ဇောပြောင်းများအား လမ်းကြိတ်စက်ဖြင့်ကြိတ်၍ ဖျက်ဆီးခြင်းကို ပြုလုပ်ဆောင်ရွက်သည်။
အများပြည်သူများအတွက် နားမခံစရာ၊ လူကြီးသူမများ အထိတ်တလန့်ဖြစ်စရာ ဆိုင်ကယ်ဆူညံ အိတ်ဇောပြောင်း ၁၅၀ ပြောင်းကို အများပြည်သူ့ရှေ့ လမ်းမပေါ်တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်ချေ ဖျက်ဆီးခဲ့သည်။
ဆိုင်ကယ်ဆူညံ အိတ်ဇောပြောင်းများ လမ်းကြိတ်စက်ဖြင့် ကြိတ်၍ဖျက်ဆီးပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သိန်းဌေးဝင်း၊ မြို့မရဲစခန်းမှူးဒုရဲမှူး လှနောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးညွန့်နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


