စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၇၁)၊  အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၄)နှင့် စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၀၄) သင်တန်းများဖွင့် 

ရန်ကုန်   ၁၄ ဇန်နဝါရီ 


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သော စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၁)၊ အဆင့်မြင့် စက်ချုပ်နည်းပြ သင်တန်းအမှတ်စဉ် (၃၄) နှင့် စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၀၄) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် သင်တန်းကျောင်းခန်းမ၌ပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း အင်အား (၂၀၅) ဦး တက်ရောက်သည်။


အဆိုပါ သင်တန်းများကို  အရည်အသွေး ထက်မြက်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားစေရန်၊ မိမိရာထူးအဆင့် နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်၊ ချမှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို တတ်သိနားလည်ပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှု၊ ခံယူချက်၊ ယုံကြည်ချက်မှန်ကန်မှု၊ စိတ်ရင်းစေတနာမှန်ကန်မှုတို့ကို အခြေခံပြီး အကြီးအကဲများ၏ မူဝါဒ၊လမ်းညွှန်ချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်သော ပြည်သူအကျိုးပြု ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)