ရန်ကုန် ၅ ဧပြီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သည့် စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၇၁)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်းအမှတ်စဉ်(၃၄)၊ စာရေး ဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၀၄)သင်တန်းများ ဆင်းပွဲအခမ်းအနားကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှသင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၁၄၀)ဦးဖြင့် ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းကာလမှာ ဇန်နဝါရီ ၁၄ ရက်မှ မှ ဧပြီ ၅ ရက်ထိ ရက်သတ္တ(၁၂)ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


