စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေခံသမဝါယမ အသင်းများအား China Exim Bank ချေးငွေများ ထုတ်ချေး

ဝါးခယ်မ ၂၂ ဇန်နဝါရီ 


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် အခြားသော လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေခံသမဝါယမအသင်းများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး ဧကာဒဿမ အကြိမ်မြောက် China Exim Bank ချေးငွေ ထုတ်ချေးခြင်းကို ဇန်နဝါရီ ၁၀ ရက်နေ့မှ ၂၀ ရက်အထိ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဦးက ကြီးကြပ်ပြီး မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသက်နှင့် ဝန်ထမ်းများ၊ မြို့နယ် သမဝါယမ အသင်းစုမှ တာဝန်ရှိသူများက ကျေးရွာအသီးသီး၌ ရှိသော အခြေခံသမဝါယမ အသင်းများမှ အသင်းဝင်များနှင့် တွေ့ဆုံပြီး ဧကာဒဿမ အကြိမ်မြောက် China Exim Bank ချေးငွေများကို လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


မြို့နယ်အတွင်း အခြေခံသမဝါယမအသင်းအနေဖြင့် ၂၅၂ သင်း၊ အသင်းသားဦးရေ အနေဖြင့် (၂၀၈၅၁) ဦးရှိပြီး စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်း၊ မျိုးစေ့ ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် အခြားသော စီးပွားရေးလုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊  ယခု ဧကာဒဿမ အကြိမ်မြောက် China Exim Bank ချေးငွေ ထုတ်ချေးပေးခဲ့သည့် ပမာဏမှာ ကျပ်သိန်းပေါင်း (၃၈၄၇၉ ဒသမ ၉၉၇၇၆) သိန်းဖြစ်ကြောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသက်၏  ပြောပြချက်အရ သိရသည်။ 

 
လွှမ်းသီဟ (ပြန်/ဆက်)