မိတ္ထီလာ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မုန်တိုင်ကျေးရွာ မုန်တိုင်ဆည်ရေသောက်စနစ်ရှိ စိုက်ပျိုးရေပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှုနှင့် အဟန့်အတားမဖြစ်စေရေး မုန်တိုင်မြောင်းမကြီး၏ အုတ်လိုင်နင်များ ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မုန်တိုင်ကျေးရွာရှိ မုန်တိုင်မြောင်းမကြီး ပေတိုင်-၉၂၂၅'ရှိ ဆိုင်ဖွန် U/Sပိုင်းမှာ ရေတိုက်စားမှုကြောင့် ကျိုးပေါက်နေ၍ စိုက်ပျိုးရေပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှုနှင့် အဟန့်အတားများ ဖြစ်ပေါ်လျက်ရှိသည်။ ၎င်း ကျိုးပေါက်နေသော မြောင်းမကြီးအား အရှည် ၁၄၇ပေ ၊အမြင့် ၆.၄ပေရှိ အုတ်လိုင်နင်ပြုပြင်ခြင်းလုပ်ငန်းကို နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
အဆိုပါ အုတ်လိုင်နင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင်း စိုက်ပျိုးဧက ၁၆၀၄ပေး ဝေနေသည့် မြောင်းပေါင်ကြံ့ခိုင်ပြီး တူးမြောင်းအဆောက်အဦ ရေတိုက်စားမှု ကျိုးပေါက်မှုများကို ကာကွယ်သွားနိုင်မည် ဖြစ်သည့်အပြင် ရေစီးရေလာ ကောင်းမွန်စေပြီး စိုက်ဧက(၁၆၀၄)ဧကအား စိုက်ပျိုးရေစနစ်တကျထိန်းညှိ ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


