စလင်း ၂၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် တမာချောင်ကျေးရွာ၌ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးထရံသို့ကူးစစ်ကာ လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ စလင်းမြို့နယ် မီးသတ်ဦးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ မီးငြှိမ်းသတ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီးနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် တမာချောင်ကျေးရွာနေ အိမ်ရှင် ဦးသန်းတိုးအောင်၊ အသက်(၂၃)နှစ်၏ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် တစ်လုံးနှင့် ဒေါ်သန်း အသက်(၆၃)နှစ်၏ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ် တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် နေအိမ်ပိုင်ရှင်အား စလင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်လွင်(ပြန်/ဆက်)


