စလင်း ၂၇ မတ်
၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း စလင်းချောင်းရေတိုက်စားမှုကြောင့် ပုံစံ(၇)ရရှိပြီးသည့် ကမ်းပါးပြိုလယ်ယာ မြေများအား ကွန်ပေါင်းဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် ဦးစွာပထမ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်တို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး မန်နေဂျာ ဦးမြင့်လင်းက ကွန်ပေါင်းဓာတ်မြေသြဇာ ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူပေါင်း ၈၄ ဦး၊ ကွင်းပေါင်း ၉ ကွင်းတို့အား ကွန်ပေါင်း ဓာတ်မြေသြဇာ ၁၀၁ အိတ် ပေးအပ်ရာ တောင်သူများကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများက လက်ခံရယူခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ သိရှိရသည်။
MDN


