အေးညွန့်ကြည်
ယမန်နေ့မှအဆက်
၁၉၆၆-၆၇ ပညာသင်နှစ်
၁၉၆၇    ခုနှစ်   ​ဖေ​ဖော်ဝါရီလမှာ တက္ကသိုလ်​ဘောလုံးကွင်းမှာ     ကျင်းပ​တဲ့   တက္ကသိုလ်​ပေါင်းစုံ     ​ပြေးခုန်ပစ်ပြိုင်ပွဲကို ကျွန်မသွား​ရောက်အား​ပေးခဲ့ပြီး  RASU  က ​ပြေးခုန်ပစ်   တံခွန်စိုက်ဒိုင်း    ရရှိခဲ့ပါတယ်။ ပြိုင်ပွဲအပြီး    အိမ်ပြန်ဖို့   ကား​စောင့်​နေစဉ်  ဆေး(၁)မှ ကစားသမားတစ်ဦးနဲ့    စကား​ပြော​နေခိုက်   ဆရာခလည်း   အိမ်ပြန်​ဖို့ မော်​တော်ကားဆီ သို့အသွား   ကျွန်မတို့နှစ်​ယောက်    အနားမှ ဖြတ်သွားစဉ် “​အေးညွန့်ကြည်၊ ဒီနှစ် သူတို့ လက်ထဲက ​ရေကူးဒိုင်းကို ပြန်ယူရမယ်” ဟု ပြုံးရွှင်စွာ  ​ပြောကြားခဲ့တာကိုလည်း အမှတ် ရ​နေ​ပါ​သေးတယ်။
ဒုတိယနှစ်ဝက် ​ကျောင်းဖွင့်ခါစ တစ်ည​နေ၌ ဆရာခက  ကျွန်မတို့ အမျိုးသမီး​ရေကူး သမားများကို ဘွဲ့နှင်းသဘင်ရှိ သူ့ရုံးခန်းသို့​ခေါ်​တွေ့ကာ အမျိုးသမီးပြိုင်ပွဲအတွက် ပြိုင်ပွဲ ဝင်အသစ်များရရှိ​အောင် စည်းရုံး​ရေးဆင်းဖို့ မှာကြားပါတယ်။ ဒါကြောင့်မို့  ကျွန်မနဲ့ ပထမ နှစ်ရူပ​ဗေဒမှ သီရိညွန့်​ဝေတို့က သက်လတ် တန်းချန်ပီယံကနေ   မြန်မာ့လက်​ရွေးစင်ဖြစ် လာသူ  ခင်​အေးသက်   (ရန်ကုန်တက္ကသိုလ် သမိုင်း​ပါ​မောက္ခ   ​ဒေါက်တာ​ကျော်သက်နဲ့  ကထိက​  ဒေါ်ခင်ခင်ကြီးတို့ရဲ့  သမီး)   အား ရန်ကုန်တက္ကသိုလ်   ဘွဲ့နှင်းသဘင်လမ်းရှိ သူတို့ နေအိမ်ကို သွား​ရောက်စည်းရုံးပါတယ်။ ခင်​အေးသက်က       တက္ကသိုလ်ဝင်တန်းမှာ  ရေကူး​လောကကနေ     အနားယူထားပြီး ဖြစ်သလို Training နဲ့ ကင်းကွာ​နေတဲ့အတွက် အတန်တန်     ငြင်းဆို​သော်လည်း   ကျွန်မနဲ့ သီရိညွန့်​ဝေတို့က     မိမိတက္ကသိုလ်အတွက် ​ရေကူး​ပေးဖို့ ​အကြိမ်ကြိမ် မေတ္တာရပ်ခံတာမို့ လက်ဆင့်ကမ်းပြိုင်ပွဲမှာ ကူး​ပေးဖို့  ကတိ​ပေး ခဲ့ပါတယ်။ ဒါနဲ့ပဲ ခင်​အေးသက်ဟာ ကျွန်မတို့ နဲ့အတူ    သထုံလမ်းကန်ကို   လာ​ရောက် Training     ဆင်းခဲ့ပြီး  ပိုပြီး   စိတ်ပါလာကာ ရင်​ပေါင်တန်းကူးပြိုင်ပွဲမှာပါ ဝင်​ရောက်ယှဉ် ပြိုင်​ပေးခဲ့ပါတယ်။   Training   ရက်တွေမှာ လည်း အရင်နှစ်တွေလိုပဲ   ဆရာခ နဲ့ ဆရာ ဦးစံသာ​အောင်တို့​   နေ့စဉ်  လာ​ရောက်အား​ပေးကြပါတယ်။  သထုံလမ်းကန်မှာ   တစ်ဦး ချင်းသော်လည်း​ကောင်း၊   အဖွဲ့လိုက်​သော် လည်း​ကောင်း ​လေ့ကျင့်ကြပါတယ်။ ​ရေကူး ကန်က ကျဉ်းတာမို့ ကျွန်မတို့အသင်းသီးသန့်​လေ့ကျင့်နိုင်ဖို့ နေရာကို ဆရာခက စီစဉ်ပေး ပါတယ်။ ဘွဲ့နှင်းသဘင်  အ​နောက်ဘက်ရှိ ယခု ရန်ကုန်တက္ကသိုလ်​   ရေကူးကန်ရှိရာနေရာ အင်းယားကန်ထဲမှာ   သင့်​လျော်​သော   ​ရေ အနက်၌ ကိုက် ၅၀ အကွာအ​ဝေးသတ်မှတ်ပြီး သစ်သားတိုင်များ စိုက်၍ ရေကူးရန်​ နေရာ စီစဉ်ပေးပါတယ်။ ​
ရေကူးကန်​လောက်အဆင်မ​ပြေတာမို့  သထုံလမ်းကန်မှာပဲ    ပြန်လည်​​လေ့ကျင့်ကြ ရပါ​တော့တယ်။ အရင်နှစ်တွေတုန်းက  ကျွန်မ တို့အသင်းအ​နေနဲ့    မိမိအစီအစဉ်နဲ့    မိမိ လေ့ကျင့်ခဲ့ရ​သော်လည်း၊ အခုနှစ်မှာ ကျွန်မ တို့အသင်းကို ဓာတု​ဗေဒ  ဆရာဦးကျော်စိုးနဲ့  ရူပ​ဗေဒဆရာ ဦးမောင်​မောင်တင့် (Richard San Tint) တို့က Training​ မောင်းခဲ့ကြပါတယ်။
တော်လှန်​ရေးအစိုးရလက်ထက် ပြည်သူ ပိုင်သိမ်းလိုက်တာမို့  ​ရေကူးဝတ်စုံနဲ့  Track Suit ဝယ်ယူဖို့ အလွန်ခက်ခဲခဲ့ပါတယ်။ ဆရာခ ရဲ့ ထောက်ခံစာနဲ့ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွေမှာ ဝတ်ဆင်​ကြတဲ့   Speedo​    အမှတ်တံဆိပ် ရေကူးဝတ်စုံများ     ဝယ်ယူခွင့်ရပါတယ်။ ​ကျွန်မတို့အသင်း ​ရေကူးဝတ်စုံနဲ့  Track Suit ရရှိ​ရေးအတွက် ကိုမျိုးတင့် (​RASU ရေကူးဆပ်​​ကော်မတီ အတွင်း​ရေးမှူး) နဲ့ အ​ပေါင်းပါ ​ရေကူးသမားတစ်စုက ရန်ကုန်မြို့ထဲ ဟို​ပြေးဒီ​ပြေး သွား​ရောက်ကြိုးစား ဝယ်ယူခဲ့ရပါတယ်။ ထိုနှစ်မှာ ကျွန်မတို့ ဝတ်ဆင်​သော  Speedo​ ရေကူးအင်္ကျီစျေးလည်း တက်သွားပြီး ၁၉၆၂ ခုနှစ်က ၂၂ ကျပ် ပြား ၅၀ ကျသင့်​နေရာမှ ၁၉၆၇ တွင် ၂၅ ကျပ်နဲ့ ဝယ်ယူခဲ့ရပါတယ်။ ​ရေကူးဝတ်စုံများကို​တော့   ပြိုင်ပွဲဝင်များမှ မိမိစရိတ်နဲ့သာ   ဝယ်ယူဝတ်ဆင်ခဲ့ကြရပြီး Track Suit များကို​တော့ ​ကျောင်းက အကုန် အကျခံပါတယ်။  ထိုအချိန်က  Track Suit ချုပ်ပြီးသားမရှိပါ။ ပြိုင်ပွဲ  တနင်္ဂ​နွေ​နေ့ဖြစ်​သော်လည်း ပြိုင်ပွဲမတိုင်မီ ကြာသပ​တေး​နေ့ မှသာ ကုန်သွယ်​ရေး (၅)မှ ခွင့်ပြုမိန့်ကျလာပါ​တော့တယ်။ Track Jacket သာခွင့်ပြုခဲ့ပြီး ပြိုင်ပွဲအမီ ကုန်သွယ်​ရေး (၅) မှ  ချုပ်​ပေးပါ တယ်။   ဇင်သားနက်ပြာဖြင့်     အင်္ကျီ​ရှေ့ ဘယ်ဘက်အခြမ်းမှာ   ​ကျောင်းတံဆိပ်တပ်ဆင် ပြီး နောက်​ကျောမှာ  ASU (R)ဟူ​သော စာလုံး ကို   ကပ်၍  ချုပ်ထားပါတယ်။   အလားတူ ​ဆေး(၁)  ပါ​မောက္ခချုပ်​  ဒေါက်တာဘသန်း ကလည်း    သူတို့တက္ကသိုလ်  ​ ရေကူးအသင်း အတွက်​ ရေကူးဝတ်စုံနဲ့  Track Jacket များ ရရှိ​အောင်     ဆောင်ရွက်ခဲ့​ကြောင်း သိရပါတယ်။ ရေကူး ပြိုင်ပွဲ ဗိုလ်လုပွဲကို    ဇွန်လ  ၂၅   ရက်​နေ့မှာ ကျင်းပပါတယ်။
ဗိုလ်လုပွဲ​နေ့မှာ အမျိုးသား​ရော အမျိုး သမီး​တွေပါ   အကြိတ်အနယ်   ယှဉ်ပြိုင်ရပါ တယ်။ အချို့ပွဲစဉ်တွေမှာ  ပန်းဝင်တဲ့အခါ မှာလည်း တစ်ဦးနဲ့တစ်ဦး    စံချိန်က   စက္ကန့် ပိုင်းသာ ကွာခြားပြီး ပန်းဝင်ခဲ့ပါတယ်။  ဒီနှစ်​​တော့ ကျွန်မတို့ အမျိုးသမီးများ ပြိုင်ပွဲတိုင်းမှာ ဒုတိယ၊ တတိယချိတ်လာသလို အရင်နှစ်တွေ က စတုတ္ထသာရခဲ့​သော  ကျွန်မတို့ အမျိုးသမီး လက်ဆင့်ကမ်းအသင်းဟာ     အခုနှစ်မှာ ​လေးမျိုးကူး​နဲ့ အလွတ်ကူး ပြိုင်ပွဲနှစ်ခုစလုံးမှာ ​ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။
အမျိုးသမီးဒိုင်ဗင်ပြိုင်ပွဲကို ​ရေကူးသမား ရင်ရင်မြင့်နဲ့ နန္ဒာဦးတို့ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ ကြပါ​တယ်။ ဝါတာပိုလိုမှာ​တော့ RASU အမျိုး သားအသင်းက  ဒုတိယရရှိပါတယ်။   ပြိုင်ပွဲ အား​ပေးမှုက အလွန်အားရဖွယ်​  ကောင်းပါ တယ်။ ​  ရေကူးကန်ဝင်းတစ်ခုလုံး  ပရိသတ် အပြည့်နဲ့  တက္ကသိုလ်အသီးသီးမှ  အ​ဆောင်​နေ​ကျောင်းသားများ​ရော၊  ​နေ့​ကျောင်းသား များပါမကျန် လာ​ရောက်အား​ပေးကြပါတယ်။ ၁၉၆၆ ခုနှစ်က ​ဆေး(၁)က ယူသွား​တဲ့ ​ရေကူး တံခွန်စိုက်ဒိုင်းကို ကျွန်မတို့ပြန်လည်ရယူနိုင်  ခဲ့ပါတယ်။ ပြိုင်ပွဲပြီးတဲ့   နောက်တစ်​နေ့ကနေ စပြီး   လူမျိုးရေးအ​ရေးအခင်း    စတင်ခဲ့တာမို့ ကျောင်းတွေပိတ်လိုက်ရာ အရင်နှစ်တွေလို  ဂုဏ်ပြုပွဲ မကျင်းပနိုင်​တော့​ပါ။ 
တက္ကသိုလ်​ပေါင်းစုံအားကစားပြိုင်ပွဲတွေ မှာ တံခွန်စိုက်ဒိုင်းရရှိတဲ့ တက္ကသိုလ်အသင်း တွေကို  အထက်တန်းပညာဦးစီးဌာန (ယခု အဆင့်မြင့်ပညာဦးစီးဌာန)က   သြဂုတ်လ​နောက်ဆုံးပတ်  တနင်္ဂ​နွေ​နေ့   မွန်းလွဲပိုင်းမှာ ဂုဏ်ပြုပွဲကျင်းပ​လေ့ရှိပြီး ရရှိပြီး​တဲ့ ဒိုင်းတွေ ကို   အခမ်းအနားနဲ့    ပြန်လည်ချီးမြှင့်တဲ့ ပွဲဖြစ်ပါတယ်။ 
ပါ​မောက္ခချုပ် ဆရာခ၊  တံခွန်စိုက်ဒိုင်း ရရှိကြ​တဲ့  အားကစားဆပ်​ကော်မတီဥက္ကဋ္ဌ များနဲ့ အားကစားသမားများဟာ တံခွန်စိုက် ဒိုင်းများနဲ့အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြပါတယ်။ ထိုနှစ် ၁၉၆၇ ခုနှစ် က ကျွန်မတို့​ရေကူးနဲ့အတူ  ​ ကျွန်မ   မှတ်မိသ​လောက်​ပြောရရင်​ ​​ဘောလုံး၊ ပြေးခုန်ပစ်၊ ဘတ်စကက် ဘော၊ ကြက်​တောင် အားကစားနည်းတွေက လည်း  တံခွန်စိုက်ဒိုင်းများ  ရရှိခဲ့ကြပါတယ်။ ​ရေကူးအားကစားအဖွဲ့ သီးသန့် ဓာတ်ပုံမရိုက် နိုင်ကြ​သော်လည်း အခြားအားကစားအဖွဲ့များ နှင့်အတူ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
၁၉၆၇-၆၈ ပညာသင်နှစ်
ကျွန်မတို့  RASU သို့ မြန်မာ့လက်​ရွေးစင် များဖြစ်ခဲ့ကြတဲ့ Terence Thwin (​တင်မောင် စိုးသွင်)၊ ချစ်စိုးနဲ့ ဆယ်လီစိုးတို့​ မောင်နှမတို့​ရောက်ခဲ့ကြသလို သန်းကြည်က​ ဆေး(၁)၊ မင်းသူက စီးပွား​ရေးတက္ကသိုလ်သို့​ ရောက်ရှိခဲ့ ကြပါတယ်။  အရင်နှစ်ကလိုပင်   သထုံလမ်း ကန်မှာ ဆရာ​ကျော်စိုး၊ ဆရာ Richard တို့က Training ​​     မောင်းပါတယ်။      ထို့အတူ ခင်အေးသက်ကို   ဒီနှစ်မှာလည်း  ပြိုင်ပွဲဝင်ဖို့ ထပ်မံ  စည်းရုံးနိုင်ခဲ့ပါတယ်။   ဒီနှစ်ထပ်တိုး အစီအစဉ်အဖြစ်    အားကစားသမားများအား အာဟာရပြည့်ဝ​စေဖို့အတွက် ကြက်ဥနဲ့ နွားနို့​သောက်ဖို့ ဆရာခက   စီစဉ်ပေးခဲ့​တာကြောင့် ကျွန်မတို့ ည​နေ  Training  ပြီးရင်  RASU ဝင်းအတွင်းရှိ    ဦးချစ်ဆိုင်သို့   သွားကြပြီး တစ်ခါတစ်ရံ  ပြည်လမ်း​ပေါ်ရှိ  ကြက်ဆင် မုန့်တိုက်သို့လည်း    သွားကြပါ​သေးတယ်။ ဒီနှစ်အတွက်  ပိုမိုပုံပန်းကျစွာ  ချုပ်ထားပြီး ခါး​နေရာ၌ Elastic ကြိုးတပ်ထား​တဲ့ ဇင်သား အနက်​ရောင် Track Jacket  အသစ်ထပ်ရပါ တယ်။ RASU ဆိုသောစာလုံးကို  ပိတ်ဖြူနဲ့  ကျောမှာ ကပ်ချုပ်ထားပါတယ်။
နောက်ဆုံးဗိုလ်လုပွဲကို​တော့ ၁၉၆၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှာ ပြုလုပ်ပါတယ်။ RASU အတွက် အရင်နှစ်များက အမျိုးသမီးတစ်ဦး ချင်းပွဲတွေမှာ   ​ရွှေတံဆိပ်မရဖူး​သော်လည်း အခုနှစ်မှာ  ဆယ်လီစိုးက ​ရွှေတံဆိပ်  ၃  ခု ရယူခဲ့ပါတယ်။ ကျန်ပွဲစဉ်တွေမှာ  ငွေ၊​  ကြေး တံဆိပ်များ    ရခဲ့ပါတယ်။     အမျိုးသမီး​ လက်ဆင့်ကမ်း     အလွတ်ကူးပြိုင်ပွဲမှာ   ​ရွှေ တံဆိပ်ရပြီး လက်ဆင့်ကမ်း​လေးမျိုးကူးမှာ တော့ ​ငွေတံဆိပ်သာ ရရှိပါတယ်။ အမျိုးသား ပွဲစဉ်အများစုမှာလည်း  RASU  က  ရွှေ၊​  ငွေ တံဆိပ်များ ရရှိခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း ​ရေကူးတံခွန်စိုက်ဒိုင်း ထပ်မံရရှိပါတယ်။
အခုနှစ် ဝါတာပိုလိုအသင်းအတွက်   ဂိုး သမားအသစ်    ရရှိခဲ့ပါတယ်။    ဝါတာပိုလို ဂိုးသမားက​တော့  ဘတ်စကက်​ဘောကစား သမားပါ။ အသားဖြူဖြူ ကိုယ်ခန္ဓာထွားထွားကျိုင်းကျိုင်းရှိပြီး ၁၉၆၈ အလွန် ကာလက တက္ကသိုလ်​ကျောင်းသား​      ကျောင်းသူများ မြင်ဖူးကြပါလိမ့်မယ်။ ထိုသူကား   RC   ထဲမှာ စွပ်ကျယ် တံဆိပ်ရိုက်ဆိုင်ဖွင့်ထားတဲ့ ဥပ​ဒေ​ကျောင်းသား    ကိုတက်ယဉ်ပါ။     ဒီနှစ် ဝါတာပိုလိုမှာ​တော့     ကျွန်​မတို့​ကျောင်းက ဗိုလ်စွဲပါတယ်။ ၁၉၆၈ ခုနှစ်အတွက် ​ရေကူး​ရော ဝါတာပိုလိုပါ ဒိုင်းရရှိခဲ့ပါတယ်။ 
ပြိုင်ပွဲပြီး​တဲ့အခါ    ညစာ​ကျွေးဖို့အတွက် ဆရာခက ရေကူးဆရာနှစ်ဦးအား မှာကြားပါ တယ်။ ထို့​ကြောင့် ကျွန်မတို့အသင်းဟာ  ၉မိုင် ပြည်လမ်းရှိ Nam Sim စား​သောက်ဆိုင်ကို  ညစာစားဖို့အတွက် ​​မော်ကွန်းထိန်း ဒေါ်စိန်စိန် ရဲ့ ရုံးကားရယ်၊ ဆရာ​​ကျော်စိုးရဲ့  Opel မီးခိုး​ရောင် ဃ/၅၄၅၄ ရယ်နဲ့ သွားကြပါတယ်။ လမ်းမအတိုင်း ​ဖြောင့်​ဖြောင့်တန်းတန်း မသွား ကြ​သေးဘဲ  သထုံ​ဆောင်ရှေ့ကနေ  ကျောင်း ထဲဝင်ပြီး အ​ဆောင်များကို  ပတ်ကာ “RASU RASU ဒိုင်း ဒိုင်း” ဟု ဟစ်​​ကြွေးပြီးမှ ပြည်လမ်း​ပေါ်သို့   တက်ကြပါတယ်။  တစ်ဖန် ပြည်လမ်း ခုနစ်မိုင်အနီး (ယခုပါရမီလမ်းအနီး)ရှိ စက်မှု တက္ကသိုလ် ပါ​မောက္ခချုပ် ဦးရုံမိုးအိမ်​ရှေ့မှ ဖြတ်စဉ်လည်း​​ ဟစ်အော်ခဲ့ကြသလို အပြန်မှာ လည်း ကြို့ကုန်း​မှာနေတဲ့ Terry ကို အိမ်ပြန် အပို့ RIT ဝင်းထဲမှဖြတ်စဉ်မှာရော၊ တရုတ် တန်းမှာနေတဲ့သူတွေကို  ပြန်အပို့မှာ  လမ်းမ​တော်​ဆေး​ကျောင်းသား​အဆောင်များရှေ့မှာ ပါ  ထပ်မံပြီး  “RASU RASU  ဒိုင်းဒိုင်း” ဆိုပြီး ဟစ်​အော်ခဲ့ကြပါ​သေးတယ်။
ဇူလိုင်လ ၂၇ ရက်​နေ့  မွန်းလွဲပိုင်းမှာ ဆရာခက ကျွန်မတို့ကို  RC ထဲမှာ  လက်ဖက် ရည်ပွဲနဲ့  ဂုဏ်ပြုပွဲ ကျင်းပ​ပေးပါတယ်။ ရရှိခဲ့​တဲ့ ဒိုင်းဆုကြီး နှစ်ခုကို ဆရာ Richard က  ဆရာခထံ အပ်နှံပါတယ်။  ဆက်လက်ပြီး  RC အ​ပေါ်ထပ်မှာ ဆရာခ၊ ဆရာဦးစံသာ​အောင်၊ ​မော်ကွန်းထိန်း​ဒေါ်စိန်စိန်တို့နဲ့ ကျွန်မတို့ အဖွဲ့ သားများအားလုံး စုံလင်စွာနဲ့ ဒိုင်းဆုများနှင့် အတူ     မှတ်တမ်းဓာတ်ပုံရိုက်ကြပါတယ်။ စက်တင်ဘာလ စာ​မေးပွဲများအပြီးမှာလည်း သထုံလမ်းကန်တွင်   Track  Jacket  များ ဝတ်ဆင်ပြီး ဒိုင်းဆုများနဲ့အတူ ဓာတ်ပုံထပ်မံ ရိုက်ကြပါ​သေးတယ်။ သို့​သော် RC အ​ပေါ်ထပ် မှာရိုက်​သောပုံကဲ့သို့ လူ​တော့ မစုံ​တော့ပါ။ ဤ ၁၉၆၈  ခုနှစ်ဟာ   ကျွန်မရဲ့ တက္ကသိုလ်​​ကျောင်းသူဘဝနောက်ဆုံးနှစ်လည်း ဖြစ် သလို တက္ကသိုလ်​ရေကူးသမားဘဝရဲ့ ​နောက် ဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။
တက္ကသိုလ်ရေကူးပြိုင်ပွဲများကို  ပြန်လည် သုံးသပ်ခြင်း
မြန်မာနိုင်ငံအရပ်ရပ်မှ​နေပြီး ရန်ကုန်မြို့​ပေါ်ရှိ တက္ကသိုလ်များ အသီးသီးသို့လာ​ရောက် ပညာသင်ယူကြ​တဲ့ တက္ကသိုလ်ကျောင်းသား တွေဟာ  မြန်မာနိုင်ငံ​   ရေကူးအဖွဲ့ချုပ်က ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ အ​တွေ့အကြုံရှိပြီးသူ များ၊    မြန်မာ့လက်ရွေးစင်များနဲ့အတူ တက္ကသိုလ်​ပေါင်းစုံ​    ရေကူးပြိုင်ပွဲတွေမှာ  ယှဉ်ပြိုင်ကူးခတ်ရပါတယ်။   ပြိုင်ပွဲအ​တွေ့ အကြုံမရှိ​တဲ့ ​ကျောင်းသားတွေရဲ့  ​ရေကူးစွမ်း ရည်ကလည်း   ချီးကျူးထိုက်ပါတယ်။   အဲဒီ ကျောင်းသားများဟာ    နည်းစနစ်ပုံစံမကျ၊​ တောကူးပုံစံနဲ့ပင်    လက်ပစ်ကူးပြိုင်ပွဲမှာ  ပထမရခဲ့သူများလည်း ရှိခဲ့ပါတယ်။ ​ တောကူး နဲ့ ပြိုင်ခဲ့ကြတဲ့  ​ ကျောင်းသားတွေဟာလည်း ပြိုင်ပွဲအ​တွေ့အကြုံရှိ​တဲ့၊   နည်းစနစ်ကျ​တဲ့ ​ရေကူးသမားများရဲ့ နည်းနာများကို အတုယူ ပြီး ၎င်းတို့ ကူးဟန်များကို ပြင်ဆင်ကာ ​နောင် နှစ်တွေမှာ  ဆက်လက်ပြိုင်ပွဲ ဝင်ခဲ့ကြပါတယ်။ ပြိုင်ပွဲအ​တွေ့အကြုံ    မရှိသူများဟာလည်း အချို့ပွဲစဉ်တွေမှာ         လက်​ရွေးစင်တွေနဲ့  အကြိတ်အနယ်    ယှဉ်ပြိုင်ကူးခတ်ကြပြီး စက္ကန့်ပိုင်းသာခြား၍  ပန်းဝင်ခဲ့ကြပါတယ်။
နယ်ကလာ​တဲ့​   ကျောင်းသားတစ်ဦးထံမှ အ​တွေ့အကြုံကိုလည်း ပြန်လည်မျှ​ဝေလိုပါ တယ်။ ထိုသူက သူတို့ရပ်ရွာမှာ ​ရေကူးနည်း စနစ်တကျသင်​တဲ့ သင်တန်းလည်းမရှိ​သလို မိဘကလည်း​ ရေကူးခြင်းကို အားမ​ပေး​ပါ။ သို့​သော်  ​ရေကူးဝါသနာပါတဲ့အတွက်  သူ့ရဲ့ မြင်ဆရာ   နာမည်​ကျော် တာဇံ  (Tarzan) ဇာတ်ကားမှ မင်းသား Johnny Weissmuller (အ​မေရိကန် အိုလံပစ်​ရေကူးသမား) ရဲ့ ပုံစံကို ကြည့်ပြီး ကူးခဲ့​ကြောင်း ​ပြောပြဖူးပါတယ်။ တက္ကသိုလ်​ပေါင်းစုံ​       ရေကူးပြိုင်ပွဲဖြစ်တဲ့ အ​လျောက် ​ကျောင်းသား​ ကျောင်းသူတွေဟာ  မိမိတို့ တက္ကသိုလ်ယှဉ်ပြိုင်နိုင်​ရေး၊ တံခွန်စိုက် ဒိုင်းရရှိဖို့   အမှတ်ရရှိနိုင်​ရေးအတွက် ကန် တစ်လျားသာ ကူးနိုင်သူများကလည်း သတ္တိရှိရှိပြိုင်ပွဲဝင်ခဲ့ကြပါတယ်။ 
ပါ​မောက္ခချုပ်  ဆရာကြီးများ ကိုယ်တိုင် ကလည်း   တက္ကသိုလ်မှာ  ပညာသင်ကြားရုံ သက်သက် မဟုတ်ဘဲ အားကစားကဏ္ဍတွေမှာ ပါ စိတ်​ရောကိုယ်ပါ အား​ပေးချီး​မြှောက်ခဲ့ကြ တယ်ဆိုတာလည်း   ​မြင်တွေ့နိုင်ပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း တစ်ဦးချင်းဆုမရရှိနိုင်​သည့်တိုင်    သက်ဆိုင်ရာ  တက္ကသိုလ်များမှ ပါ​မောက္ခချုပ်    ဆရာကြီးများ   ကိုယ်တိုင် အားပေးမှု​ကြောင့် ယှဉ်ပြိုင်ခြင်းသာ အဓိက ဆို​တဲ့   အားကစားစိတ်ဓာတ် အပြည့်အဝနဲ့  ယှဉ်ပြိုင်ခဲ့ကြပါတယ်။  အထူးသဖြင့်   ဝါတာ ပိုလို ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေမှာ  ​ရေထဲ မှာ အကြိတ်အနယ် ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ကြတယ်။ အား​ပေး​တဲ့ ကျောင်းသား တွေကလည်း   မိမိတို့တက္ကသိုလ်  အသင်းနဲ့  ယှဉ်ပြိုင်​တဲ့  ပြိုင်ဘက်တက္ကသိုလ်ကို မခံချိမခံ သာ ဖြစ်​အောင် ​အော်ဟစ် သံချပ်တိုင်ပြီး အား​ပေးခဲ့ကြပါတယ်။ ပွဲကြည့်ပရိသတ်ကလည်း ရန်များ ဖြစ်ကြ​တော့မလားဟု စိုးရိမ်ပူပန်မှု များ ရှိခဲ့ကြ​​ပါတယ်။ သို့​သော်ပွဲပြီးလို့ ကုန်းပေါ် ပြန်တက်ကြတဲ့အခါမှာ​တော့      ပြိုင်ပွဲဝင် အချင်းချင်း    ရင်းရင်းနှီးနှီး   လက်ဆွဲနှုတ်ဆက် ကြ၊ ပခုံးချင်းဖက်ကြ၊ မိမိတို့အသင်းစု​ဝေးရာ ကို အပြုံးမပျက်   ပြန်သွားကြပြီး  ဆုချီးမြှင့် မယ့်    အစီအစဉ်တွေကိုသာ   ဆက်လက်​စောင့်စား     ​နေကြပါ​တော့တယ်။   ဒီလို   အားကစားစိတ်ဓာတ်အပြည့်နဲ့     ယှဉ်ပြိုင်ခဲ့ ကြတဲ့   တက္ကသိုလ်နယ်​မြေမှာ  ကျင်းပတဲ့ တက္ကသိုလ်​ပေါင်းစုံ​     ရေကူးပြိုင်ပွဲတွေကို ကျွန်မတို့​​ခေတ်က ​ရေကူးသမားများ ဘယ်​တော့မှ​မေ့နိုင်မည် မဟုတ်ပါ။
ကျွန်မတို့ RASU ရဲ့ လက်​ရွေးစင်​ရေကူး သမားများဖြစ်ခဲ့ကြ​တဲ့  ကို​အေး​ကျော်၊ ကိုမျိုး တင့်နဲ့ ကိုတင်​မောင်စိုး​၊ ဆေးတက္ကသိုလ်(၂)မှ ကိုသက်လွင်တို့ဟာ  ၁၉၆၉ ခုနှစ်မှာ မြန်မာ နိုင်ငံမှာ ကျင်းပ​တဲ့  ပဉ္စမအကြိမ် အ​ရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲမှာ  မြန်မာ့ လက်​ရွေးစင် ဝါတာပိုလို အသင်းသားများ အဖြစ် ပါဝင်ခဲ့ကြပါတယ်။ တက္ကသိုလ်​ပေါင်းစုံ​ရေကူးပြိုင်ပွဲတွေမှာ တက္ကသိုလ်​ပေါင်းစုံက  ယှဉ်ပြိုင်ခဲ့ကြ​တဲ့    ​ရေကူးသမားတွေထဲမှာ  ဘက်စုံ   အားကစားသမားများလည်း ပါဝင် ခဲ့ကြပြီး၊ အဆိုပါ အားကစားသမားတွေဟာ  တက္ကသိုလ်​ပေါင်းစုံရဲ့  အခြားအားကစားပြိုင်ပွဲ တွေမှာလည်း ယှဉ်ပြိုင်ခဲ့ကြပြီး ဆုတံဆိပ်များ လည်း ရရှိခဲ့ကြပါတယ်။ RASU ရဲ့  ရေကူးပြိုင် ပွဲတွေနဲ့ တက္ကသိုလ်​ပေါင်းစုံ​ရေကူးပြိုင်ပွဲတွေ ရဲ့  သတင်းနဲ့   ဓာတ်ပုံတွေကိုလည်း ထို​ခေတ် က ​  နေ့စဉ်ထုတ်သတင်းစာတွေမှာ  ဝေ​ဝေ ဆာဆာ​ ဖော်ပြခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ်နှင့်   ဆက်နွှယ်​နေ​သော အခြားတက္ကသိုလ်များမှ ​ ရေကူးအားကစား သမားများ
၁၉၆၄-၆၈ ကာလတုန်းက တက္ကသိုလ်​ပေါင်းစုံ​ရေကူးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြတဲ့  အခြားတက္ကသိုလ်များမှ အားကစား သမားများအနက်     ကျွန်မတို့     ရန်ကုန် တက္ကသိုလ်ဂုဏ်ကို​ ဆောင်ခဲ့ကြ​တဲ့ ဆရာကြီး ဆရာမကြီးများရဲ့ သားသမီးများ ပါဝင်ခဲ့ကြပါ တယ်။
၁။ ကိုအုပ်စိုးခ ​ဆေး(၁) – ပါ​မောက္ခချုပ် ​ဒေါက်တာ​မောင်​မောင်ခ၏ သား၊
၂။ မခင်​ဆွေမင်း ​ဆေး(၁) – အင်္ဂလိပ်စာ ပါ​မောက္ခ ဦးမျိုးမင်း၏ သမီး၊
၃။ လင်း​အောင်သက် ​ဆေး(၁) – ရန်ကုန် တက္ကသိုလ်   သမိုင်း​ပါ​မောက္ခ   ​ဒေါက်တာ​ကျော်သက်နှင့် ကထိက ​ဒေါ်ခင်ခင်ကြီးတို့၏ သား၊ ၁၉၆၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ တွင်   ချယ်ရီသန်းသန်းတင်နှင့်  ပူးတွဲပထမ ရရှိသူ၊
၄။ ကိုသိန်းညွန့် ​ဆေး(၁) - ပါဠိဌာနမှူး ​ဒေါ်ခင်သိန်း၏ သား၊
၅။ ကိုဉာဏ်စိုး  (တိရစ္ဆာန်​ဆေးကု) နှင့် ကိုထင်​ကျော်  (စီးပွား​ရေး) –   ဆရာကြီး မင်းသုဝဏ်၏ သားများ၊
၆။ မဉာဏ်သစ်   (ပညာ​ရေး) – သမိုင်း​ကော်မရှင်မှ   ဗိုလ်မှူးဘရှင်နှင့်  သတ္တ​ဗေဒ ကထိက ​ဒေါ်ခင်မကြီးတို့၏သမီးတို့ ဖြစ်ကြပါ တယ်။ 
ကျွန်မတို့တက္ကသိုလ်၏ ဂုဏ်ကို​ဆောင်ခဲ့ ကြ​သည့် ဆရာကြီး၊ ဆရာမကြီးတွေရဲ့ သား သမီးများဟာလည်း      ပညာ​ရေးဘက်မှာ သာမက အားကစားဘက်မှာပါ ထူးချွန်ခဲ့ကြ ပါတယ်။
ဂါရဝပြုထိုက်သူများ
ကျွန်မအား တက္ကသိုလ်​ကျောင်းသူဘဝ ​ရေကူးပြိုင်ပွဲများ   ဝင်​ရောက်ယှဉ်ပြိုင်နိုင် အောင်   ပြုစုပျိုး​ထောင်ခဲ့သူများမှာ  ၁၉၅၇​​ နှောင်းပိုင်း   Mayo   Marine  ​ရေကူးကန်၌ ကျွန်မကို စနစ်တကျ​  ရေကူးသင်​ပေးခဲ့​သော မြန်မာနိုင်ငံ​ရေကူးအဖွဲ့ချုပ်မှ ဦး​ထွေး​မောင်၊ ဦးဆန်ဒနီသွင်၊ ဦးနေမြင့်၊ ၁၉၆၄ တက္ကသိုလ် ဝင်တန်း​ဖြေဆိုအပြီး အမျိုးသား​ရေကူးကန်၌ Training လုပ်​ပေးခဲ့​သော Lt. Col Smyth ၊ ကျွန်မတို့   ​ရေကူးအသင်း​     အောင်နိုင်ရေး အတွက် စိတ်အားထက်သန်စွာဖြင့် အား​ပေး ခဲ့ကြ​သော ကျွန်မတို့ RASU ၏ ပါ​မောက္ခချုပ် ဆရာကြီး​ ဒေါက်တာ​မောင်​မောင်ခ၊ ရူပ​ဗေဒ ပါ​မောက္ခဆရာကြီး ဦးစံသာ​အောင်၊ ​​ရေကူး​လေ့ကျင့်နိုင်ရန်   စီစဉ်ပေးခဲ့သော    ​မော်ကွန်း ထိန်း​ဒေါ်စိန်စိန်နှင့် ကျွန်မ၏ မိဘနှစ်ပါးတို့ အား ဤ​ဆောင်းပါးဖြင့် ဂါရ၀ပြုပါတယ်။
ဤ​ဆောင်းပါး​   ရေးသားနိုင်ရန်အတွက် ၁၉၆၄ မတိုင်မီက   အချက်အလက်များကို ပံ့ပိုး​ပေးကြပါ​သော      ဒုတိယဗိုလ်မှူးကြီး ​    အေး​ကျော်  (တပ်မ​တော်​ရေ (ငြိမ်း))၊   ဗိုလ်မှူး စိုးထွဋ် (ခ.လ.ရ-၄၇ (ငြိမ်း))၊ ဦးတင်​မောင်စိုး (Sweet Memory Travel & Tour)တို့ အား လည်း ​အထူးကျေးဇူးတင်ရှိပါတယ်။
နိဂုံး
ကျွန်မနဲ့အတူ တက္ကသိုလ် ​ရေကူးပြိုင်ပွဲ တွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ​တဲ့ RASU နဲ့ တကွ အခြား​သော တက္ကသိုလ်များမှ ​ရေကူးသမား များအားလည်း ဤ​ဆောင်းပါးဖြင့် ဂုဏ်ပြု အပ်ပါတယ်။ ​နောင်လာမယ့် အနာဂတ်တွေ မှာလည်း အမိ    ရန်ကုန်တက္ကသိုလ်ကြီးနဲ့  အခြားတက္ကသိုလ်တွေမှာ   ကျွန်မတို့   ​ခေတ် တုန်းကလို ရေကူးပြိုင်ပွဲများ   အပါအဝင် အခြားအားကစားပြိုင်ပွဲများလည်း စည်စည် ကားကား   သိုက်သိုက်ဝန်းဝန်း   ​ပြန်လည် ရှင်သန်နိုင်ကြပါ​စေလို့         ဆု​တောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်..... ။        ။
မြန်မာ့အလင်း ဆောင်းပါး