၂၃ မတ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအသစ် ဖြစ်ပွားမှုကြောင့် နိုင်ငံခြားသားအား တိုင်းပြည်အတွင်းသို့ ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်မည်ဖြစ်ကြောင်း စင်ကာပူအစိုးရက ပြောကြားခဲ့သည်။
တနင်္လာနေ့ ညနှောင်းပိုင်းမှစပြီး အဆိုပါ စီမံချက်သည် အသက်ဝင်မည်ဖြစ်ကြောင်း စင်ကာပူ အစိုးရက ပြောကြားခဲ့သည်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် မရှိမဖြစ် ဝန်ဆောင်မှုပေးနေရသည့် နယ်ပယ်တွင် အလုပ်လုပ်ကိုင်နေရပြီး ရက်ရှည်ဗီဇာဖြင့် နေထိုင်သူများသည် အဆိုပါ ထုတ်ပြန်ချက်အသစ်တွင် မပါဝင်ပေ။
စင်ကာပူနိုင်ငံသည် အချို့သောနိုင်ငံများမှ ဝင်ရောက်လာသည့် နိုင်ငံသားများကို အစောပိုင်းကတည်းက ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားတားမြစ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်လွှားမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားများသည် ၎င်းတို့၏ ကျန်းမာရေးကို စောင့်ကြည့်ရန်အတွက် ၁၄ ရက်ကြာ နေအိမ်တွင် နေရန် လိုအပ်သည်ဟု ဆိုသည်။
စနေ့နေ့ကအထိ ၁၀ရက်တာကာလအတွင်း ရောဂါဖြစ်ပွားမှုကို အတည်ပြုခဲ့ရာတွင် ၂၅၄ ဉီး ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီးနောက် ၇၀ရာခိုင်နှုန်းကျော် ကူးစက်ခံခဲ့ရကြောင်း စင်ကာပူအစိုးရက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


