စင်ကာပူ ၂၄ မတ်
စင်ကာပူနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မြင့်တက်လာပြီးနောက် ပြည်ပနိုင်ငံသားများအားလုံးကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ ကြောင်း အစိုးရက ပြောကြားခဲ့သည်။
ပြည်ပနိုင်ငံသားများ ဝင်ရောက်ခွင့် ပိတ်ပင်မှုသည် မတ် ၂၃ ရက် ညနှောင်းပိုင်းတွင် စတင်အသက်ဝင်မည်ဟု သိရသည်။ ဆေးကုသရေးနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် အရေးကြီးဝန်ဆောင် မှုများပေးအပ်နေကြသည့် နှစ်ရှည်ဗီဇာ ကိုင်ဆောင်ထားသူများကိုမူ ပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံသည် နိုင်ငံအချို့မှ ဆိုက်ရောက်လာကြသည့် ပြည်သူများအား ပြည်ဝင်ခွင့်ပိတ်ပင်မှုတစ်ရပ်ကို ချမှတ်ခဲ့ပြီးဖြစ်သည်။ ကျန်သည့် ကမ္ဘာ့နိုင်ငံများမှ ရောက်ရှိလာကြသူများကို ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်စစ်ဆေးရန်အတွက် နေအိမ်၌ ၁၄ ရက်ကြာ အောင် အလုံပိတ်နေထိုင်ရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
ထိုသို့ အရေးပေါ်အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံအတွင်း၌ ၁၀ ရက်တာအတွင်း ကူးစက်မှုနှုန်း ဆက်လက်မြင့် တက်လာခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


