ဩဂုတ် ၄

 

စင်ကာပူနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၂၃၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၇၃၆၂၂၆ ဦး အထိမြင့်တက်လာသည်။

 

အဆိုပါရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၇၇၂ ဦးသည် ပီစီအာစမ်းသပ်မှုဖြင့် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၆၄၅၉ ဦးသည် အေအာတီ စမ်းသပ်စစ်ဆေးမှုဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက် ထုတ်ပြန်ချက်အရ သိရသည်။

 

ပီစီအာစစ်ဆေးတွေ့ရှိချက်များအနက် ၇၂၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၄၃ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ အေအာတီစစ်ဆေးချက်များအရ ၆၂၁၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၄၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ ရောဂါလက္ခဏာ ပြင်းထန်မှုမရှိကြောင်း သိရသည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေသူပေါင်း ၇၀၂ ဦးရှိပြီး ၅၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၁၅၂၈ ဦးအထိ ရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို