စင်ပေါ်မှာချော်ကျခဲ့တဲ့တေလာဆွတ်ဖ်

၂၄ ဇူလိုင်

 

ဇူလိုင်၂၁နဲ့၂၂ ရက်တို့မှာ နယူးဂျာဆီပြည်နယ် မက်လိုက်ဖ် အားကစားရုံကြီးအတွင်းမှာ တေလာဆွတ်ဖ် ဟာဖျော်ဖြေပွဲပြုလုပ်ခဲ့ပါတယ်။ ဇူလိုင်လ၂၂ ရက်မှာတော့တေလာဆွတ်ဖ်ဟာ မိုးရေတွေကြားထဲမှာ သီဆိုဖျော်ဖြေခဲ့တာဖြစ်ပြီး စင်ပေါ်မှာ ခြေချော် လဲသွားပါတယ်။ Call it what you want ဆိုတဲ့သီချင်းကိုသီဆိုနေစဉ်ခြေချော်ကာလဲကျခဲ့တာပဲ ဖြစ်တယ်။ တေလာဆွတ်ဖ်ရဲ့အကအဖွဲ့ထဲက တစ်ယောက်ဟာသူကိုလာထူခဲ့ပြီး တေလာဆွတ်ဖ်ကလည်း ရယ်ရယ် မောမောနဲ့ပဲ လမ်းထလျှောက်ခဲ့ပါတယ်။ ခြေလှမ်းလုံးဝမမှားဘဲ ပြန်လျှောက်နိုင်ခဲ့တာပဲဖြစ်တယ်။ 

 

တကယ့်ကို ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ဦး ပီသပါတယ်။  မက်လိုက်ဖ်အားစကားရုံကြီးအတွင်းမှာ သီဆို ဖျော်ဖြေဖို့ ဇူလိုင် ၂၀ ကတည်းကစီစဉ်ခဲ့ပြီး အစပိုင်းမှာရာသီဥတုကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း မိုးတွေရွာသွန်းခဲ့ပြီး တေလာဆွတ်ဖ်ကတော့မိုးရေထဲမှာ ပရိသတ်တွေနဲ့အတူ သီဆိုခုန် ပေါက်နေခဲ့ပါတယ်။ တေလာဆွတ်ဖ်ရဲ့ပွဲကို သူရဲ့နာမည်ကျော်သူငယ်ချင်းတွေဖြစ်တဲ့ ဂျီဂျီဟတ်ဒစ် ၊အီမာစတုန်းနဲ့ တစ်ဖနီဟတ် ဒစ်ရှ်တို့လည်း လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဇူလိုင်လ၂၂ ရက်က ပရိသတ်တွေကြားမှာသူ့ ချစ်သူဂျိုးအော် ဝင်လည်းလာကြည့်ခဲ့တာကိုတွေ့ရပါတယ်။

 

ဘာသာပြန်-ခြူးစန္ဒီနွေး(မြန်မာ့အလင်း)
ကိုးကား> ဟောလိဝုဒ်လိုက်ဖ်