မြင်းခြံ ၁၉ မတ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင်၊ ခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်လှိုင်တို့မှ ပြန်လည်လွှဲပြောင်း ပေးအပ်သည့် ယာမြေများ အကြောင်းနှင့် ဆောင်ရွက်ခဲ့မှုများကို အသီးသီး ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံ ယာယီ ပုံစံ (၃) ဖြင့် ပေးအပ်ရာ ဦးညိုမောင်ပါ (၇) ဦးမှ လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ စွန့်လွှတ်မြေများနှင့် ပတ်သက်၍ တောင်သူများကိုယ်စား ဦးချစ်မွှေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ စွန့်လွှတ်မြေများမှ နွားထိုးကြီးမြို့၊ အမှတ် (၇) ရပ်ကွက်၊ ကွင်းအမှတ် (၅၇၄-က)၊ ဦးပိုင်အမှတ် (၉) ၊ မြေဧရိယာ (၄.၇၈) ဧကရှိ ယာမြေများဖြစ်ပြီး၊ စာသုံးသူရေးရာဦးစီးဌာနမှ မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ နွားထိုးကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စီစစ်ရေး အဖွဲ့ဝင်များ၊ မြေယာပိုင်ဆိုင်သည့် မိသားစုများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဦးဇော်မင်းနိုင် (မြင်းခြံ)


