၂ မတ်

အနာဂတ်တွင် စွန့်ပစ်ပစ္စည်းများမှ လောင်စာစွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ ဂျက်လေယာဉ်များကို ယင်းလောင်စာဆီဖြင့် ကောင်းကင်တွင် ပျံသန်းနိုင်ရန် ဂျပန်လေကြောင်းလိုင်းတစ်ခုက မျှော်လင့်ထားသည်။

 

j2

 

စီးပွားရေးလုပ်ငန်းများနှင့်အိမ်ထောင်စုများ၏ ပလတ်စတစ် စွန့်ပစ်ပစ္စည်း အမျိုးအစားမှ လောင်စာအဖြစ်ထုတ်လုပ်ရန် ပူးတွဲစီမံကိန်းတစ်ခု စတင်လုပ်ဆောင်နေသည်ဟု ဂျပန်လေကြောင်းလိုင်းက ဆိုသည်။ယင်းလုပ်ဆောင်မှုတွင် ကုန်သွယ်ရေးဆိုင်ရာ ကုမ္ပဏီ မာရူဘန်နီလည်း ပါဝင်လုပ်ဆောင်နေသည်။

 

j3

 

၎င်းကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် ထိုအရာနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေလေ့လာမှုတစ်ခုပြုလုပ်နေကြောင်းနှင့် စမ်းသပ်စက်ရုံတစ်ရုံ တည်ဆောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။၂၀၂၅ ခုနှစ်တွင် ထိုလောင်စာဆီကို အသင့်အသုံးပြုနိုင်မည်ဟု ၎င်းတို့က ဆိုသည်။

 

j4

 

ကမ္ဘာတစ်ဝှမ်းရှိ လေကြောင်းလိုင်းများသည် လေထုညစ်ညမ်းမှုကို ဟန့်တားရန် ဖိအားပေးမှုကြီးနှင့်ရင်ဆိုင်နေရသည်။


စည်းမျဉ်းအသစ်များသည် နိုင်ငံတကာလေကြောင်းလိုင်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လာမည့်နှစ်တွင် ကန့်သတ်မည် ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို