ငါးသိုင်းချောင်း ၂၁ ဧပြီ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်နှင့် တိုက်နယ်ပြည်သူ့ဆေးရုံများကို ယခုနှစ်တွင် စိစစ်ရွေးချယ်၍ စံပြဆေးရုံဆုများ ချီးမြှင့်ပေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မြို့နယ်ပြည်သူ့ဆေးရုံ(၄)ရုံနှင့် တိုက်နယ်ပြည်သူ့ ဆေးရုံ (၄)ရုံသို့ သက်ဆိုင်ရာဝန်ကြီးဌာန အကဲဖြတ်အမှတ်ပေးအဖွဲ့မှ မတ်လအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး ၂၀၁၈ ခုနှစ် စံပြမြို့နယ်ဆေးရုံအဖြစ် ကျောင်းကုန်းမြို့နယ်နှင့် တိုက်နယ်ဆေးရုံအဖြစ် ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံ အဆိုပါဆေးရုံနှစ်ရုံကို သက်ဆိုင်ရာဝန်ကြီးဌာန(ဗဟို)နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ စံပြဆေးရုံဆုများ ချီးမြှင့်ပေးခဲ့သည်။

 

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ပြည်သူ့ဆေးရုံသည် ၂၀၁၇ ခုနှစ်အတွက် ပထမအကြိမ် စံပြတိုက်နယ်ဆေးရုံဆုကိ်ု ရရှိထားပြီး ယခု ၂၀၁၈ ခုနှစ်တွင်လည်း ဒုတိယအကြိမ်အဖြစ် နှစ်နှစ်ဆက်တိုက် စံပြတိုက်နယ်ဆေးရုံဆုကို ထပ်မံရရှိခဲ့သည်။

 

စံပြဆေးရုံဆုရ ငါးသိုင်းချောင်းမြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဆရာဝန်ဒေါက်တာနေဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပူးပေါင်းအဖွဲ့ဝင်လူမှုရေးအသင်းအဖွဲ့များအား ယနေ့ညနေပိုင်းတွင် ငါးသိုင်းချောင်းမြို့အမျိုးသားခန်းမတွင် မြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူလူထုမှ စံပြဆေးရုံဆု ထပ်ဆင့်ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။

 

ဂုဏ်ပြုပွဲအခမ်းအနားတွင် တက်ရောက်လာသော မြို့အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအဖွဲ့ဝင်များက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြပြီး ငါးသိုင်းချောင်းမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ တာဝန်ခံဆရာဝန်နှင့် ဝန်ထမ်းများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)

 

IMG_20