၁၂ မတ်
အီတလီနိုင်ငံတွင်းရှိ ဆေးဆိုင်နဲ့ အစားအစာဆိုင်မှလွဲပြီး ကျန်တဲ့စတိုးဆိုင်အားလုံး ဗုဒ္ဓဟူးနေ့က ပိတ်လိုက်ကြောင်း သိရပါတယ်။ နိုင်ငံတွင်းမှာ COVID-19 ဗိုင်းရပ်စ်ပိုးပျံ့နှံ့ပြီး သီတင်းနှစ်ပတ်ကျော် အတွင်းမှာ လူပေါင်း ၈၂၇ ဦး သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၂၄၆၂ ဦး ရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အီတလီဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီ က တိုင်းပြည်ကို ကိုးမိနစ်တာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ကိုယ်ကျိုးစွန့်လွှတ်တဲ့ အီတလီနိုင်ငံသားတွေကို ကျေးဇူးတင်တယ်။ ကြီးမြတ်တဲ့နိုင်ငံဖြစ်ကြောင်း သက်သေပြနေတာသာဖြစ်တယ်။ အခြေခံလိုအပ်ကုန်တွေဖြစ်တဲ့ ဆေးဆိုင်နဲ့ အစားအစာရောင်းတဲ့ ဆိုင်တွေကလွဲပြီး ဆိုင်အားလုံးပိတ်မယ်။ ဘားတွေ၊ စားသောက်ဆိုင်တွေ၊ အလှပြင်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေမကျန် အကုန်လုံး သီတင်းနှစ်ပတ်တိတိ ပိတ်မယ်၊။ အိမ်ကို လာရောက်ပို့ဆောင်တဲ့ လုပ်ငန်းတွေတော့ ခွင့်ပြုပါတယ်။ စားသောက်ကုန်တွေကို အလျင်အမြန်ဝယ်ထားဖို့ မလိုပါဘူးလို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်က ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရန် ယူရိုငွေ ၂၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ) သုံးစွဲသွားမယ်။ အဲဒီငွေကြေးတွေဟာ ဆေးရုံတွေနဲ့ စီးပွားရေးအတွက် သုံးစွဲသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
MDN
ကိုးကား - AFP


