၁၈ မတ်

 

COVID19 ဗိုင်းရပ်စ်ပိုးဟာ တချို့ပစ္စည်းတွေပေါ်မှာ ရက်ချီပြီး အသက်ရှင်နိုင်ပေမယ့် လေထဲမှာတော့ သုံး၊ လေးနာရီအထိ အသက်ရှင်နိုင်ကြောင်း အမေရိကန်အစိုးရထောက်ပံ့ပေးထားတဲ့ သုတေသနရဲ့ လေ့လာတွေ့ရှိချက်ကို မနေ့(အင်္ဂါနေ့) မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ဆားစ်ရောဂါပိုးလိုမျိုး COVID19 ဗိုင်းရပ်စ်ပိုးဟာ အသက်ရှင်နိုင်တဲ့ အချိန်ကြာမြင့်ကြောင်း လေ့လာတွေ့ရှိတဲ့အတွက် ဗိုင်းရပ်စ်ပိုးဟာ တစ်ဦးနဲ့တစ်ဦးကြား ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်ပါတယ်။ ဒီလို အချက်အလက်တွေကြောင့် ၂၀ဝ၂-၂၀ဝ၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါထက် ပိုမိုပျံ့နှံ့နိုင်တဲ့အတွက် ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့ရတာဖြစ်ပါတယ်။

 

COVID19 ဗိုင်းရပ်စ်ပိုးဟာ ကြေးသတ္တုမျက်နှာပြင်ပေါ်မှာ ၄ နာရီအထိ အသက်ရှင်နိုင်ပြီး ပလပ်စတစ်နဲ့ စတီးမျက်နာပြင်ပေါ်မှာ ၂ ရက်မှ ၃ ရက်အထိ အသက်ရှင်နိုင်ပါတယ်။ ကတ်ထူစက္ကူပေါ်မှာ ၂၄ နာရီအထိ အသက်ရှင်နိုင်ပြီး လေထဲမှာတော့ COVID19 ဗိုင်းရပ်စ်ပိုးဟာ ၃ နာရီအထိ အသက်ရှင်နိုင်ကြောင်း သိရပါတယ်။

 

ဆားစ်ဗိုင်းရပ်စ်နဲ့ COVID19 ဗိုင်းရပ်စ်တို့မှာ တူညီတဲ့ အပြုအမူတွေတွေ့ရှိရကြောင်း သုတေသနတွေ့ရှိချက်မှာ ရေးသားထားပြီး ဗိုင်းရပ်စ်ပိုးနှစ်ခုရဲ့ အသက်ရှင်ချိန်အရ COVID19 ဗိုင်းရပ်စ်ပိုးဟာကမ္ဘာ့ကပ်ရောဂါဖြစ်လာပြီး လူပေါင်း ၂၀ဝ,ဝ၀ဝ ကို ကူးစက်ခံရပြီး ၈,ဝ၀ဝ လောက်သေဆုံးခဲ့ပေမယ့် ဆားစ်ရောဂါမှာကတော့ နိုင်ငံတွင်းကူးစက်ရောဂါဖြစ်ပြီး လူပေါင်း ၈၀ဝ၀ ကူးစက်ခံရပြီး လူ ၈၀ဝ လောက်သေဆုံးခဲ့ပါတယ်။

 

ဗိုင်းရပ်စ်ပိုးဟာ အသက်ရှုလမ်းကြောင်းမှ ကူးစက်မှု များပြားတာကို တွေ့ရပါတယ်။  ကျန်းမာရေးဝန်ထမ်းတွေက တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့၊ မျက်နှာကို ကိုင်ခြင်းရှောင်ကြဉ်ဖို့နဲ့ ချောင်းဆိုး၊ နှာချေစဉ်မှာ သေချာစွာဖုံးအုပ်ပြီးလုပ်ဆောင်ဖို့နဲ့ အရာဝတ္တုတွေကို ပိုးသတ်ဆေးရည်ဖျန်းခြင်း သို့မဟုတ် ပိုးသတ်ဆေးပါ အဝတ်နဲ့ ပိုးသတ်ခြင်းကို မကြာခဏလုပ်ဆောင်ရန် အကြံပြုထားပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်တဲ့ တရုတ်နိုင်ငံက လေ့လာချက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ရောဂါရှိသူ သုံးစွဲထားတဲ့ ဝူဟန်ဆေးရုံက ရေအိမ်ရှိ လေထဲမှတစ်ဆင့် မစင်မှာ အကာအကွယ်ယူထားရာကနေ ကူးစက်တာဖြစ်ကြောင်း ရေးသားထားပါတယ်။

 

MDN

ကိုးကား-AFP