၁၉ မတ်
ကမ္ဘာတစ်ဝန်းမှာ လူပေါင်း သန်း ၅၀ဝ လောက်ဟာ COVID19ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် အိမ်မှာ ရှိနေရကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှ ချက်နိုင်ငံ အဲဒီကနေ ဗင်နီဇွဲလားအထိ အစိုးရတွေက သူတို့နိုင်ငံသားတွေကို နေအိမ်တွေမှာ နေထိုင်ခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု နှေးကွေးသွားအောင် လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။
အိမ်တွင်းမှာနေကိုနေရာမယ့် စည်းမျဉ်း
တရုတ်နိုင်ငံ ဟူဘေပြည်နယ်ရဲ့ မြို့တော် ဝူဟန် ကနေ စတင်တဲ့ COVID19ဗိုင်းရပ်စ်ပိုးကြောင့် ဟူဘေပြည်နယ်ဟာ ဇန်နဝါရီလကုန်ပိုင်းကနေ အခုထိ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ထားတာကို တွေ့ရပါတယ်။ မတ်လ ၁၄ ရက်နေ့မှာတော့ ဒေသခံ သန်း ၅၀ နီးပါးဟာ ပြည်နယ်တွင်းကို သွားလာခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။
အနည်းဆုံး နိုင်ငံ ၈ နိုင်ငံက တရုတ်နိုင်ငံက နည်းလမ်းအတိုင်း လူတွေကို အိမ်တွင်းမှာ နေထိုင်ရန် ထုတ်ပြန်တာကို တွေ့ရပါတယ်။ အီတလီနိုင်ငံမှာ မတ်လ ၁၀ နေ့ကစတင်ပြီး လူတွေကို အိမ်တွင်းမှာ နေထိုင်ရန် ညွှန်ကြားထားပါတယ်။ အလားတူ လက်ဘနွန်နိုင်ငံမှာ မတ် ၁၅ရက်၊ ချက်နိုင်ငံမှာ မတ် ၁၆ရက်၊ ပြင်သစ်၊အစ္စရေးနဲ့ ဗင်နီဇွဲလား နိုင်ငံတွေမှာတော့ မတ် ၁၇ နဲ့ ဘယ်လဂျီယံနိုင်ငံမှာ မတ် ၁၈ ရက် မှ စတင်ပြီး နေအိမ်တွေမှာ နေထိုင်ရန် အသီးအသီး ညွှန်ကြားထားပါတယ်။ ဒီနိုင်ငံတွေထဲမှာ လေးနိုင်ငံအတွက် အိမ်တွင်း နေထိုင်တဲ့ လူဦးရေဟာ သန်း ၂၄၀ နီးပါးရှိကြောင်း သိရပါတယ်။
နေအိမ်တွေမှာသာ ရှိနေရန် အကြံပြုထား
တချို့နေရာတွေမှာတော့ လိုအပ်တဲ့ အခြေခံပစ္စည်းတွေ ဝယ်ယူရန်၊ ကျန်မာရေးစောင့်ရှောက်မှုရယူရန်နဲ့ အလုပ်လုပ်ရန် အတွက်မှ လွဲပြီး နေအိမ်မှာနေထိုင်ရန် အကြံပြုထားပါတယ်။ ဩစတြေးလျ၊ ဗြိတန်၊ ဂျာမနီနဲ့ အီရန်နိုင်ငံတွေမှာတော့ တတ်နိုင်သလောက် တစ်ဦးနဲ့ တစ်ဦး ဝေးဝေးနေရန်နဲ့ အိမ်တွင်းမှာ သာနေထိုင်ရန် အကြံပြုထားကြောင်း သိရပါတယ်။ ဒီနိုင်ငံတွေထဲမှာ လေးနိုင်ငံအတွက် အိမ်တွင်းနေထိုင်တဲ့ လူဦးရေဟာ သန်း ၂၄၀ နီးပါးရှိကြောင်း ခန့်မှန်းရပါတယ်။
ကာဖျူးထုတ်ပြန်ပြီး တားမြစ်
အနည်းဆုံးနိုင်ငံ ဒေသ ၆ ခုမှာ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ သွားလာမှုတွေကို တားမြစ်တဲ့အနေနဲ့ ကာဖျူးထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ တူနီးရှား၊ ဘိုလီဗီးယား၊ ဆားဗီးယားနိုင်ငံတွေ နဲ့ နယူးဂျာစီ၊ ပေါ်တာရီကို နဲ့ မနီလာ မှာ ကာဖျူးထုတ်ပြန်ပြီး တားမြစ်ထားပါတယ်။ ဒီဒေသတွေမှာ လူပေါင်း သန်း ၅၀ ကျော်ကို အပြင်မထွက်ရန် တားမြစ်ခြင်း ခံထားရပါတယ်။
MDN
ကိုးကား -AFP


