ဘာစီလိုနာအသင်းနဲ့ ဘီဘာအိုအသင်းတို့ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ  ဘာစီလိုနာအသင်းက ဘီဘာအိုအသင်းကို  အနိုင်ရရှိခဲ့တာကြောင့်    နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို   တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ဘီဘာအိုအသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး စပိန်စူပါဖလားကို ၁၅ ကြိမ် ဆွတ်ခူးထားတဲ့ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို   ပထမပိုင်းပွဲကစားချိန် ၂၂ မိနစ်မှာ ဖာရန် တောရက်စ်ကတစ်ဂိုး၊ မိနစ် ၃၀ မှာ  ဖာမင်လိုပက်ဇ်က တစ်ဂိုး၊ ၃၄ မိနစ်မှာ ဘာ့ဒ်ဂျီက တစ်ဂိုး၊ ၃၈   မိနစ်နဲ့  ၅၂  မိနစ်တို့မှာ ရာဖင်ဟာက နှစ်ဂိုးသွင်းယူပေးခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ပွဲကစားချိန် ၁၆ မိနစ်အတွင်း သွင်းဂိုးလေးဂိုးအထိ သွင်းယူနိုင် ခဲ့တဲ့မှတ်တမ်းကိုလည်း  ရရှိခဲ့ပါတယ်။

ဒါ့ပြင် ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်မှာ  ပထမပွဲကစားချိန်အတွင်း သွင်းဂိုး လေးဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘီဘာအိုအသင်းကို  အနိုင်ရရှိခဲ့တာကြောင့် စပိန်စူပါဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ အက်သလက်တီကို  မက်ဒရစ်အသင်း  သို့မဟုတ်  စပိန်လာလီဂါ ဖလားကို  (၁၃)ကြိမ်အထိ ရယူဆွတ်ခူးထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်တို့အကြား စပိန်စူပါဖလားပြိုင်ပွဲကို  ဆော်ဒီအာရေဗျနိုင်ငံ၌ ၂၀၂၉ ခုနှစ်အထိ ဆက်လက်ကျင်းပရန် သဘောတူညီထားပြီး လက်ရှိကျင်းပနေတဲ့ စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို  ဇန်နဝါရီ  ၁၁ ရက်မှာ ကျင်းပမှာဖြစ်တယ်လို့   သိရပါတယ်။                      

ငွေကြယ်