၂၈ မတ်
စပိန်ဘောလုံးသမား တိုနီဒိုဗယ် ဟာ သူ့ရဲ့ ဘောလုံးကန်ဖိနပ်နဲ့ ဘောလုံးကို ဘေးချပြီး ဆေးဝါးကျွမ်းကျင်သူတွေ ဝတ်ဆင်တဲ့ ကုတ်အင်္ကျီအဖြူကို ဝတ်ဆင်ပြီး ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါ ရင်ဆိုင်နေတဲ့ စပိန်နိုင်ငံကို ကူညီရန် ရှေ့တန်းကနေ ပါဝင်နေတာကို တွေ့ရပါတယ်။ အသက် (၂၉) နှစ် ဆေးဝါးကျွမ်းကျင်ဘာသာရပ်ကို သင်ကြားဖူးတဲ့ စပိန်ဘောလုံးသမားဟာ လက်ရှိမှာ ထိုင်းနိုင်ငံက ကလပ်အသင်းတစ်ခုတွင် ကစားနေကြောင်း သိရပါတယ်။
ဒိုဗယ်ဟာ စပိန်နိုင်ငံက မိသားစုဆီကို သွားရောက်လည်ပတ်စဉ်မှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါ နဲ့ စပိန်နိုင်ငံ ရင်ဆိုင်နေတာနဲ့ ကြုံတွေ့ရပါတယ်။ ဒိုဗယ်က သူလေ့လာထားတဲ့ ဆေးဝါးကျွမ်းကျင်ပညာကို လက်တွေ့အသုံးချပြီး သူ့မွေးရပ်ဖြစ်တဲ့ လာကော်နာမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကို နှိမ်နင်းရန် ရှေ့တန်းကနေ ပါဝင်နေပါတယ်။
ဒိုဗယ်က အခြေအနေတွေက ရှုပ်ထွေးနေတဲ့အတွက် အိမ်ကိုပြန်ဖို့ အထုတ်ပြင်ခဲ့ရပါတယ်။ နံနက် ၇ နာရီကနေစပြီး ဆေးဆိုင်မှာ အလုပ်စလုပ်ပါတယ်။ ဒီကပ်ရောဂါကြီးပြီးဆုံးသွားရင် ဘောလုံးပြန်ကစားမယ်လို့ ပြောပါတယ်။ ဒိုဗယ်ဟာ တက္ကသိုလ်မှာ လေးနှစ်လုံး ဆေးဝါးကျွမ်းကျင်ဘာသာရပ်ကို စာအနေနဲ့သာ သင်ခဲ့ဖူးတာ လက်တွေ့ အသုံးမချခဲ့ဖူးလို့ သိရပါတယ်။
MDN
ကိုကား- AFP


