စတီဗင်စပီးလ်ဘာ့ဂျ်နဲ့ လက်တွဲသွားမယ့် လီယိုနာဒို ဒီကာပရီယို

၁၉ မေ

အော်စကာဆုရှင်မင်းသားကြီး လီယိုနာဒိုဒီကာပရီယိုဟာ ဟောလိဝုဒ်ရဲ့ အထင်ကရ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ စတီဗင်စပီးဘာ့ဂျ်ရိုက်ကူးသွားမယ့် ဇာတ်ကားသစ်တစ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်း လတ်တလောမှာ သတင်းတွေ ပေါ်ထွက်လာတာဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

The Wolf of Wall Street ရုပ်ရှင်ရဲ့ အဓိကဇာတ်ဆောင်မင်းသား လီယိုနာဒိုဒီကာပရီယိုနဲ့ The Post ရုပ်ရှင်ရဲ့ ဒါရိုက်တာ စတီဗင်စပီးဘာ့ဂျ်တို့ဟာ အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ကားမှာ လက်တွဲဖန်တီးသွားကြမှာဖြစ်ကြောင်း ရင်းနှီးတဲ့အသိုင်း အဝိုင်းက သတင်းတွေပေါ်ထွက်လာခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ဆွေးနွေးမှုတွေပြုလုပ် နေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီရုပ်ရှင်မှာ အတူလက်တွဲဖြစ်ပါက သူတို့နှစ်ဦးအတွက် ဒုတိယအကြိမ်မြောက် လက်တွဲခြင်းဖြစ်မှာပါ။ ယခင်က သူတို့နှစ်ဦးဟာ Catch Me If You Can ရုပ်ရှင်မှာအတူလက်တွဲခဲ့ဖူးသူတွေလည်း ဖြစ်ကြပါတယ်။

အေးပြည့်