စတုတ္ထမြောက် တစ်ကိုယ်တော်ခွေကို "နောင်တ" အမည်နှင့် ထွက်ရှိလာမည့် ထူးအယ်လင်း

၆ ဒီဇင်ဘာ

 

ဂီတသက်တမ်း ၁၇ နှစ်ရှိပြီဖြစ်သည့် အဆိုတော် ထူးအယ်လင်းအနေဖြင့် " အိမ်ဂျယ် တယော" အမည်ဖြင့် ပထမဆုံး တစ်ကိုယ်တော်ခွေ ထွက်ခဲ့ပြီး စတုတ္ထမြောက် စီးရီးဖြစ်သည့် " နောင်တ " ဟု အမည်ရသည့် တစ်ကိုယ်တော်စီးရီးကို ဒီဇင်ဘာလကုန်တွင် ထွက်ရှိရန်ပြင်ဆင်နေကြောင်း သိရသည်။

 

အဆိုပါ တေးစီးရီးကို တေးရေး၊ လိန်သုန် ကမ်းခင်၊ ကိုဆု၊ စောနဲသာ၊ ချစ်နိုင်၊ ဖိုးတု၊ ဝေလ၊ အောင်ဖြိုး၊ ကော်ပရာတို့ ရေးသား ထားသော တေးသီချင်း ၁၀ ပုဒ် ပါဝင်မည်ဟု သိရသည်။

 

"ကျွန်တော်ရဲ့ တစ်ကိုယ်တော် နောင်တ သီချင်းခွေထွက်ပါမယ်။ နောင်တလို့ နာမည် ပေးပေမယ့် အနုပညာက သပ်သပ်၊ ကိုယ့်ကသပ်သပ်ပါ။ ဒါပေမယ့် ကျွန်တော်တို့လည်း တစ်ချိန်က မှားခဲ့ဘူးပါတယ်။ ပြောချင်တာကတော့ နောင်တစ်ခါ ထပ်မှားခြင်းတော့ မရှိသင့်ဘူးပေါ့။ လူတိုင်းက အလုပ်လုပ်နေတာဆိုတော့ အမှားမကင်းပါဘူး။ နေ့တိုင်းပြောပါလျက်နဲ့ မတတ်တာက စကားတဲ့၊ နေ့တိုင်းစားပါ များပေမယ့် မဝတာက အစားတဲ့။ စာဆိုတွေ ရှိတော့ အမှားတွေအတွက် နေ့တိုင်း စင်ကြယ်အောင် လုပ်ဆောင် ရပါတယ်။ လူတိုင်းမှာ နောင်တရှိတယ်။ ထူးအယ်လင်းမှာလည်း နောင်တရှိပါတယ်။ 

 

လူတိုင်းက အမှားမရှိဘူးလို့မရှိဘူး။ မှားတာအမှားပဲ ကြီးကြီးနဲ့ သေးသေးပဲကွာတယ်။ နောင်တသီချင်းလေး နားထောင်ကြည့်မှ သိလိမ့်မယ်။ သီချင်းကတော့ ၁၀ ပုဒ်ပါမယ်။ တေးရေးဆရာတွေကတော့ ဝေလ၊ အောင်ဖြိုး၊ ကော်ပရာ၊ ဖိုးတု၊ စောနန္ဒ၊ ကိုစုပါတယ်။ လက်ရှိ ချင်းလူမျိုး ယောက္ခထီး ရေးထားတာပါတယ်။ နောင်တ သီချင်းကိုတော့ ကော်ပရာရေးထားတယ်" ဟု ဆိုသည်။

 

ယင်းအနေဖြင့် ပရိသတ်အကြိုက် ထပ်တူကျသည့်၊ တေးသီချင်းတွေကို ဖန်တီးခဲ့ပြီး ယခုကဲ့သို့ ဖန်တီးဖြစ်ပုံနှင့်ပတ်သက်ပြီး "လူတစ်ယောက်ဟာ ရိုးသားမှုပဲ။ ကိုယ့် သီချင်းကို စေတနာထားတယ်။ ကိုယ်တိုင် ရင်ဘတ်ထဲမှာ နှစ်သက်မှ ပရိသတ်ကို ချပြတယ်။ ပရိသတ်ကလည်း ရင်ဘတ်ထဲကို ထိတာ။ ကိုယ်တိုင်ရင်ဘတ်ထဲကဆိုမှ ပရိသတ်က ကြိုက်နှစ်သက်တယ်။ သီချင်းတစ်ပုဒ်ကို အရင်နားနဲ့ နားထောင်ပြီးတော့ ဦးနှောက်ဆီရောက်ပြီ။ နှလုံးသားဆီ ရောက်တာပါ။ သီချင်းတစ်ပုဒ်ကို ပန်းချီကား တစ်ချပ်ဆွဲသလို ခံစားပြီးတော့ ဆိုဖြစ်ပါတယ်။ 

 

ပရိသတ်လည်း စိတ်ထဲရှိမှ နားထောင်လို့ရတာပါ။ ပထမဆုံး စီးရီး အောင်မြင်တော့ ပျော်တယ်လေ။ လူဆိုတာအောင်မြင်မှုကို မတ်မောကြတာပဲလေ။ အကုန်လုံးပါပဲ။ အောင်မြင်မှုဆိုတာ ခုနောက်ပိုင်းက ညှီ စော်နံ့လာတယ်၊ ငြီးငွေ့တယ်။ သူတို့ထက်ငါများလာတော့ မောဟတွေလည်း များလာကြတယ်။ လောဘနဲ့ အတ္တ တွေ လည်း ပိုကြီးလာတယ်။ အခု လူက အဲဒိဒဏ်တွေကို ဖီလင်မရှိတော့ဘူး။ ကိုယ်လုပ် ချင်တဲ့ အလုပ်ကိုဖြောင့် ဖြောင့်တန်းတန်းပဲ လုပ်မယ်၊ မလုပ်ချင်လဲ မလုပ်တော့ဘူး။ ညှီလာတော့ ငြီးငွေ့လာပါတယ်။ ကိုယ့်ခေါင်းထဲက ငါ့သမီး စာကျက်နေတယ်ဆိုလည်း အောင်မြင်ဖူးတာပဲ။ တွဲလက်များရော။ အိန်ဂျယ်တယော စခဲ့တာ အချစ်လိုခေါ်သလား ပေါ့။ ထာဝရခရီးသည် စတဲ့သီချင်းတွေ ခဏခဏ အောင်မြင်ဘူးတယ်။ ကြာတော့ ဘာမှလည်း မဟုတ်ဘူး။ကိုယ့်ဖို့ ကိုယ်ရှာတာရော လောက်လာမေး မလောက်ပြန်ဘူး။ ပြည့်စုံတဲ့ ဘဝဆိုတာလည်း မရှိဘူး။ ပြည့်စုံဖို့ထက် အဆင်ပြေအောင်ပဲ နေချင်လာတယ်။ တစ်ကမ္ဘာလုံးက လူတွေကြည့်လိုက် ဘယ်သူ့မှမပြည့်စုံနိုင်ဘူး။ နောက်ပိုင်းမှာ ပရဟိတတွေပဲ လုပ်ဖြစ်လာတယ်။ အဲဒီပီတိက ငွေထက်အဆင်ပြေလာတယ်။ ကျွန်တော် ၂၄ သိန်းရတယ်။ အပုံ ၄ ပုံဖြစ်တယ်။ တစ်ပုံစုတယ်။ နောက်တစ်ပုံလှူဖြစ်တော့ စိတ်ထဲမှာလည်း ပိုကြည်လာတယ်။ ကိုယ်လုပ်ဆောင်နိုင်သမျှ ပရဟိတတွေ လုပ်ဦးမှာပါ။" ဟု ဆိုသည်။

 

ကိုလင်း