စုံစမ်း စစ်ဆေးဖို့အတွက် AI လို့ခေါ်တဲ့ အသိဉာဏ် အတုကို တရုတ်ရှေ့နေတွေ အသုံးပြုမယ်

ပေကျင်း ၁၂ အောက်တိုဘာ

အဲဒီ လုပ်ငန်းသုံး အပလီကေးရှင်းတွေကို မှီငြမ်းသုံးစွဲတာဟာ တရားရေးစနစ်ကို ပိုမို မြှင့်တင်ဖို့ ရည်ရွယ် လုပ်ဆောင်တာလို့လည်း ပြည်သူ့ တရားရှေ့နေရုံး (SPP) က ပြောကြားထားပါတယ်။ တရားရုံးမှာ ကြိုတင် ပြင်ဆင်ဖို့၊ တရားရုံး စမ်းသပ်မှုတွေနဲ့ လုပ်ငန်းဌာနအတွက် အထောက်အကူ ပြုနိုင်ဖို့အတွက် ခေတ်မီ နည်းပညာတွေကို တိုးမြှင့် အသုံးပြုတာ ဖြစ်တယ်လို့လည်း SPP က ဆိုပါတယ်။ ဒစ်ဂျစ်တယ် အထောက်အကူပြု ပစ္စည်းတွေဟာ ပိုတိကျပြီး နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ရှေ့နေတွေအတွက် အသုံးတည့် အကူအညီ ဖြစ်စေတယ်လို့လည်း သိရပါတယ်။

ဘာသာ ပြန်ဆိုရေးဟာလည်း ရှေ့တန်းရောက်လာတဲ့ အလုပ်အကိုင် တစ်ခု ဖြစ်လာတဲ့အတွက် ထပ်မံပြီးတော့ ဘာသာပြန်ဆို ကိရိယာတွေ အထူးသဖြင့် တိဘက်၊ အူဂါနဲ့ မွန်ဂိုလီးယား ဘာသာစကားတွေ ပြန်ဆိုဖို့အတွက် ဖွံ့ဖြိုးအောင် ဆောင်ရွက်မယ်လို့ အက်စ်ပီပီက ကတိပေးခဲ့ပါတယ်။

(ဆင်ဟွာ)

ဘာသာပြန်- မသက်မွန်(MDN)