စူပါမန်း မင်းသမီး မာဂေါ့ ကစ်ထ်ဒါသေဆုံးမှုမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွား

၁၀ သြဂုတ် 

 

စူပါမန်းမင်းသမီး မာဂေါ့ ကစ်ထ်ဒါ သေဆုံးမှုမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုပင်ဖြစ်ကြောင်း သေမှုသေခင်းစုံစမ်းရေးအရာရှိများကသတင်းထုတ်ပြန်ခဲ့သည်။ အသက် ၆၉ နှစ်အရွယ် မင်းသမီးကြီးမာဂေါ့မှာ မွန်တန်နာရှိနေအိမ်တွင် မေလ ၁၃ ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းသေဆုံးရခြင်းမှာ အရက်အလွန်အကျွံသောက်သုံးပြီး  ကိုယ်တိုင်ဆေးအလွန်အကျွံသုံးစွဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သေမှုသေခင်းစုံစမ်းရေးရုံးမှပြောသည်။ သေမှုသေခင်းစုံစမ်းရေရုံးနှင့် မာဂေါ့၏ မိသားစုဝင်များထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် စိတ်ကျဝေဒနာခံစားနေရသူများ၊ သေကြောင်းကြံစည်လိုသည့် စိတ် ဖြစ်ပေါ်နေသော လူများသည် သင့်တော်သည့် အကြံပေးမှုများနှင့်ဆေးကုသမှုများခံယူသင့်ကြောင်း  တိုက်တွန်းထားသည်။ 

 

မာဂေါ့သည် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်တွင်စူပါမန်းရုပ်ရှင်ဇာတ်ကားမျာတွင် မင်းသားခရစ်စတိုဖာရိဒ် နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သောမင်းသမီးဖြစ်သည်။ ၎င်း၏မိသားစုတောင်းဆိုမှုကြောင့် အသေးစိတ်အချက်အလက်များကို ထုတ်ဖေါ်သွားမည်မဟုတ်ပေ။ မာဂေါ့သည် ၁၉၉၆ ခုနှစ် People မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် ၎င်း၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေပြသနာများကို ဖြေကြားခဲ့ဖူးသည်။ ၎င်းသည် ၁၄ နှစ်သမီးအရွယ်ကလည်း ဆေးအလွန်အကျျွံသုံးစွဲဖူးသည် ။ဒါ့အပြင်စိတ်ပိုင်းဆိုင်ရာ ဝေဒနာကိုလည်းပြင်းထန်စွာခံစားခဲ့ရကြောင်း People မဂ္ဂဇင်းနှင့်အင်တာဗျူးတွင်ဖြေကြားခဲ့သည်။ 

 

ဘီဘီစီ 
ခြူး