ဒေးဒရဲ သြဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးရေး၊ အစားအစာ ဘေးအန္တရာယ်ကင်းဝေးရေးနှင့် ရောဂါကာကွယ်နိုင်ရေး ရည်ရွယ်၍ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း လုပ်ငန်းများအား ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းက လေးအိမ်ကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းအခြေပြု ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို မျှတစွာစားသုံးရေး၊ သန့်လေးသန့်ဖြစ်သော အစာသန့်၊ လက်သန့်၊ ရေသန့်၊ အိမ်သာသန့်အပါအဝင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွားကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို  အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား  ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်စစ်ဆေးခြင်း၊ မုန့်စျေးတန်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း