ရန်ကုန် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ အခြေခံပညာကျောင်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဒေသန္တရ ကျန်းမာရေးဌာနများသို့ ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ ဒဂုံမြို့သစ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာရွှေပြည်စိုး ခေါင်းဆောင်သော ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် အမှတ်(၂)၊ (၅)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတို့သို့ ကွင်းဆင်း၍ ပညာသင်ကြားနေမှု အခြေအနေများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံ ကုသရေးဦးစီးဌာနမှ ဒေါက်တာသူရဇော်က ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများနှင့် ဆေးရုံပရဝဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာရွှေပြည်စိုးက လိုအပ်သည်များမှာကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၁၃၃ ဒေသန္တရ ကျန်းမာရေးဌာနခွဲသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အေးမဉ္စူ


