ရန်ကုန်  ၁၁  ဖေဖော်ဝါရီ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမရှိ ဒေါ်ခင်စိုးအေး၏  အုပ်ညှပ်တစ်ထပ်အိမ် နေအိမ်တွင်  ယနေ့ နံနက် ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 

50

 

မီးလောင်မှု ဖြစ်ပွားရာသို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၅၂) ဦး၊ မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ်(၂) စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

43

 

မီးလောင်ရသည့် အကြောင်းရင်းမှာ အိမ်အတွင်းမီးဖိုးချောင်ရှိ အိမ်သုံးဓာတ်ငွေ့အိုးမှ ဓာတ်ငွေ့ယိုစိမ့်၍ ဘေးပတ်လည်ရှိ အသုံးပြုရန် ဖွင့်ထားသည့် ဟန်ဖုန်းမှ မီးထလောင်မှုကြောင့် နေအိမ်အတွင်းရှိ ပစ္စည်းများအား မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်ခင်စိုးအေးအား ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြင့်ရီ(ပြန်/ဆက်)

 

85323.0