နေပြည်တော် ၁၃ ဇန်နဝါရီ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇၂)ရပ်ကွက်၊ အောင်သပြေလမ်း၊ အိမ်အမှတ်-မ/၁၀၃၅(က)နေ အောင်ဇေယျာမြင့်(ခ) ဘယ်ကျော်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဇော်ဇော်အောင်(ခ)ဆရာလေး၊ ဒေါ်ခင်မြင့်ချို၊ နိုင်ဝင်းထွန်းတို့အား တွေ့ရပြီး နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀ဝ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကိုလည်းကောင်း၊ ကွင်းဆက်အရ အဆိုပါနေအိမ်ရှေ့သို့ လွင်ကိုကိုလတ် (ခ) အာဇန်း မောင်းနှင်ပြီး ကျော်သူရနှင့် ချစ်ထွေး တို့ လိုက်ပါလာသည့် HYBRID INSIGHT အမျိုးအစားမော်တော်ယာဉ် ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


