ဓားစာခံ ၅၀ ပြန်လွှတ်ပေးရေးနှင့် လေးရက်ကြာ အပစ်အခတ်ရပ်စဲထားရန် အစ္စရေးနှင့် ဟားမားစ်တို့သဘောတူ

ဂါဇာ   နိုဝင်ဘာ   ၂၂

ဂါဇာဒေသတွင်     လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် အပြန်အလှန်အနေဖြင့်  ဟားမားစ်တို့က  ဖမ်းဆီးထားသည့်  ဓားစာခံ ၅၀ ကို ပြန်လွှတ်ပေးရေး အစ္စရေးနှင့်   ဟားမားစ်တို့   သဘောတူထားပြီ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ သဘောတူညီမှုရရှိရေးအတွက်    ကာတာနိုင်ငံက ကြားဝင်ညှိနှိုင်းပေးခြင်းဖြစ်ပြီး  နိုဝင်ဘာ  ၂၂  ရက်တွင်  သဘောတူညီမှုရရှိပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အကျဉ်းကျနေသည့် ပါလက်စတိုင်း ၁၅၀ ကို အစ္စရေးတို့က     ပြန်လွှတ်ပေးမည်ဟု ဟားမားစ်အဖွဲ့က    ပြောသည်။ အမျိုးသမီးနှင့်  ကလေးများ ပြန်လွှတ်ပေးမည်ဟု  နှစ်ဖွဲ့စလုံးမှပြောသည်။ နိုဝင်ဘာ ၂၁   ရက်  ညပိုင်းက   အစ္စရေးအစိုးရအဖွဲ့   အစည်းအဝေးပြုလုပ်ပြီးနောက်  ယခုလို  သဘောတူညီချက်   ထွက်ပေါ်လာခြင်းဖြစ်သည်။ အပစ်အခတ်ရပ်စဲမှု   မည်သည့်အချိန်တွင် စတင်မည်ဖြစ်ကြောင်းနှင့် ဓားစာခံများ မည်သည့်အချိန်တွင်   ပြန်လွှတ်ပေးမည်ကိုမူ မသိရသေးချေ။ 

အင်န်အိတ်ချ်ကေ