နေပြည်တော် ဧပြီ 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီမှ  ညနေ နာရီ အထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၄ ဌာနတို့၌(အဋ္ဌမနေ့) အဖြစ်လည်းကောင်း၊ ပါဠိပထမပြန် စာမေးပွဲကို မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၂ ဌာနတို့၌ (ဒုတိယနေ့)အဖြစ်လည်းကောင်း ဖြေဆိုကြသည်။

 

ဓမ္မာစရိယ စာမေးပွဲ အဋ္ဌမနေ့ စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၃၈၁ ပါးအနက် ၁၈၃ ပါးဖြေဆိုကြသဖြင့် ၄၈ ဒသမ ၀၃ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန် စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) ဒုတိယနေ့ကို စာရင်းသွင်း သံဃာနှင့် သီလရှင် စုစုပေါင်း ၅၇၁၇၂ ပါးအနက် ၄၆၆၈၄ ပါး ဖြေဆိုကြပြီး ၈၁ ဒသမ ၆၆ ရာခိုင်နှုန်းဖြေဆိုကြကြောင်း သိရသည်။

 

(သတင်းစဉ်)