နေပြည်တော် ၂၈ မတ်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၁၉ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့ (ဒုတိယနေ့) နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၄ ဌာနတို့တွင် စာဖြေသံဃာတော်နှင့်သီလရှင်များ စာရင်းသွင်း ၂၀၃၃၃ ပါး အနက် ၁၆၄၆၇ ပါး ဖြေဆိုကြသဖြင့် ၈၀ ဒဿမ ၉၉ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


