နေပြည်တော် ၆ ဧပြီ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၁၉ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၂ ဌာနတို့၌ (ပဉ္စမနေ့)အဖြစ် ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်) စာရင်းသွင်းသံဃာနှင့် သီလရှင်စုစုပေါင်း ၃၆၅၈၆ ပါးအနက် ၃၀၁၈၉ ပါး ဖြေဆိုကြ၍ ၈၂ ဒသမ ၅၂ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

 

(သတင်းစဉ်)