နေပြည်တော် ၇ ဧပြီ
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဒိရပ်ကွက်၊ ဇေယျာအောင်လမ်းနှင့် ရွှေကြာပင်လမ်းထောင့်တွင် ဆောက်လုပ်မည့် ဓမ္မဗျူဟာသာသနမာမကအဖွဲ့ (နေပြည်တော်) လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်း အနောက်ဘက် တစ်ထပ်ဆောင်ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါမြေကွက်လပ်တွင် ပြုလုပ်သည်။
အခမ်းအနားသို့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသန နုပတ္ထိ မ္ဘကအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ အလှူရှင်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဧည့်ပရိတ်သတ်များက သံဃာတော်များ၏ ရွတ်ဖတ်သရဇ္ဈာယ်သော ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် တာဝန်ရှိသူများက သတ်မှတ်ထားသော နေရာအသီးသီးတွင် သင်တန်းကျောင်း အဆောက်အဦ တည်ဆောက်မည့်နေရာတွင် ပန္နက်တင်ပေးခဲ့ကြောင်း သိရသည်။
မောင်လူမော်


