ဓနုဖြူ ၂၀ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ကွင်းအမှတ်-၁၉၃၊ ဦးပိုင်အမှတ်-၆၆ တောင်သူ ဦးဟန်စိုး၏ လယ်ယာမြေ ခြောက်ဧကတွင် ဧပြီ ၁၉ ရက်၊ နံနက် ၉ နာရီက နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားအား ကျင်းပခဲ့သည်။
အဆိုပါနွေစပါး မှော်ဘီ-၃ မျိုးစပါး၊ (.၁၀) ဧက စံကွက်အား ရိတ်သိမ်းရာတွင် တစ်ဧကပျှမ်းမျှ အထွက်နှုန်းအနေဖြင့် (၁၅၁) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လယ်သမားများ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


